ထိုင်းတရားရုံးချုပ်က ၀န်ကြီးချုပ်ဟောင်းယင့်လပ် ရှင်နာဝပ်ကို ထောင်ဒဏ် ၅ နှစ် စီရင်ချက်ချ

September 27, 2017

ထိုင်းတရားရုံးချုပ်က ၀န်ကြီးချုပ်ဟောင်းယင့်လပ် ရှင်နာဝပ်ကို ထောင်ဒဏ် ၅ နှစ် စီရင်ချက်ချ

  ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လပ်ရှင်နာဝပ်ကို ထိုင်းတရားရုံးချုပ်က အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မျက်ကွယ်မှာထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်  အမိန့်ချမှတ်လိုက်ပါတယ်။ ဒီစီရင်ချက်မှာ   ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်နဲ့ ပြန်လွှတ်မပေးဖို့ သူမကို တွေ့ရှိတဲ့ နေရာမှာ ဖမ်းဆီးနိုင်ခွင့်ရှိတဲ့ ဖမ်းဝရမ်းကိုလည်း ထုတ်ပြန်လိုက်ပါတယ်။   သူမကို စီရင်ချင်ချဖို့ ထိုင်းတရားရုံးချုပ်မှ နိုင်ငံရေးပြစ်မှုဆိုင်ရာ တရားရေးဘုတ်အဖွဲ့ဝင် တွေဟာ ဒီကနေ့မနက် ၇ နာရီကစ သူမရဲ့ အမှုတွဲကို အပြန်ပြန်ဆွေးနွေးသုံးသပ်ပြီးတဲ့နောက် မွန်းလွဲ ၁ နာရီခွဲမှာ စီရင်ချက်ချခဲ့တာဖြစ်တယ်လို့  နိုင်ငံရေးရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိသူတဦးမှ တရားရုံး အပြင်ဘက်မှာ ရပ်စောင့်နေတဲ့ သတင်းထောက်တွေကို ပြောပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ရုံးချိန်းလာရောက်ဖို့  ပျက်ကွက်ခဲ့သလို  နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရှပ်နီပါတီကနေ ရွေးကောက်ပွဲဝင်ပြီး ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ မစ္စယင်လပ်ရှင်နာဝပ်ဟာ သူမ အာဏာ ရှိစဉ်က တောင်သူလယ်သမား အမတော်ကြေးငွေကိစ္စ၊ ဆန်စပါးအလွှဲသုံးစားမှုတွေရှိခဲ့ပြီး ဒီပြဿနာကို မဖြေရှင်းနိုင်တာကြောင့်  စစ်ကောင်စီအစိုးရတက်လာတဲ့အခါမှာ သူမကို အလွှဲသုံး စားမှု၊ အကျင့်ပျက်ခြစားမှုတွေပေါ် လစ်လျူရှုထားမှုတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။ ဒီလိုအမှုမျိုးဟာ  ပြစ်မှုထင်ရှားရင်  တရားဥပဒေအရ ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂ သောင်းမှ ၂ သိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရ မှာဖြစ်ပြီး  မစ္စယင်လပ်ရှင်နာဝပ်ကတော့ သူမမှာ အပြစ်မရှိကြောင်း တရားရုံးအဆင့်ဆင့်မှာ အယူခံတင်သွင်းခဲ့ကာ  အမြင့်ဆုံးဆင့် ဋီကာတရားရုံးမှာတော့ ရုံးချိန်းကို မလာတော့ဘဲ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။  
4 years Ago
Up