ဧပြီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ ဆုန်ခလာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် အရာရှိတဦး သေဆုံးသွားပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာ ချန်နာခရိုင် ချန်နာ မီးရထားဘူတာရုံမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရာ အနီးမှာ ရှိနေတဲ့ ချန်နာစခန်းက အရာရှိ ယောက်ချေဘွန်းဆောင် သေဆုံးသွားပြီး တခြားအရာရှိတဦးလည်း ဒဏ်ရာရသွားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရတော့ ဗုံးက မော်တော်ဆိုင်ကယ် ရပ်နားထားတဲ့နေရာမှာ ထားတာဖြစ်ပါတယ်။
ရဲကားရပ်ထားရာနေရာကို အရာရှိတွေ ဖြတ်သွားတဲ့အချိန် ဗုံးကို ဖောက်ခွဲလိုက်တာလည်း ဖြစ်ပါတယ်။
ဗုံးကွဲတဲ့အတွက် ချန်နာရဲစခန်းပိုင်ကား၊ ဒေသခံတွေရဲ့ ဆိုင်ကယ် ၂ စီးနဲ့ ဘူတာရုံ ရှေ့မျက်နှာစာလည်း ပျက်စီးသွားပါတယ်။
5 years Ago