ထိုင်းစစ်တပ်တွင်း ရိုက်နှက် ညှဉ်းပန်းသည့် ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

April 8, 2016

ထိုင်းစစ်တပ်တွင်း ရိုက်နှက် ညှဉ်းပန်းသည့် ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

ထိုင်းနိုင်ငံမှာ စစ်မှုထမ်းတဲ့ တပ်သားသစ်တွေကို သင်တန်းတွေမှာ အပြစ်ပေး ရိုက်နှက်ညှဉ်းပန်းတဲ့ ရုပ်သံဟာ အင်တာနက် လူမှုရေးကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီရုပ်သံကို ရှဲစီခါရောင်အရိုင် (ဘာလိုစောင့်နေတာလဲ အမြန်ရှယ်ပါ) ဆိုတဲ့ အကောင့်ကနေ စတင်ဖြန့်ဝေခဲ့ပြီး လူပေါင်း ၅ သိန်းနီးပါး စောင့်ကြည့်ခဲ့ပါတယ်။ ဒါအပြင် ဖြန့်ဝေသူ ၂ သောင်း ၂ ထောင် အထိ ရှိပါတယ်။ စစ်သားတွေ မကြာခဏသေဆုံးရတဲ့ အကြောင်းအရင်းလို့ ရုပ်သံဖိုင်ကို အမည်ပေးထားပါတယ်။ ဧပြီ ၁ ရက်က ထိုင်းယာလ စစ်စခန်းတခုမှာ ရိုက်နှက်လို့ ဆေးရုံတင်လိုက်ရတဲ့ စစ်သား ၂ ဦးကို ရိုက်နှက်တဲ့ဖြစ်ရပ်ကိုလည်း ရုပ်သံဖိုင်မှာ ပါရှိပါတယ်။ ဒီအထဲက အသက် ၂၃ နှစ်အရွယ် စစ်သားတဦး ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။ ဒါအပြင် ၂၀၁၀ နဲ့ ၂၀၁၃ က စစ်တပ်အတွင်းက ရိုက်နှက် အဓမ္မလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း ရုပ်သံဖိုင်မှာ ထည့်သွင်းထားပါတယ်။
6 years Ago
Up