ထိုင်းကလေးများ

January 12, 2019

ထိုင်းကလေးများနေ့တွင် တိုက်လေယာဉ်များ မောင်းနှင်ပြသ (ရုပ်သံ)

ဇန်န၀ါ ၁၂ ရက်နေ့ ဒီနေ့ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ကလေးများနေ့ တိုက်လေယာဉ်တွေ မောင်းပြသခဲ့တယ်လို့ သိရပါတယ်။ ထိုင်းကလေးများနေ့ အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲတွေကို နေရာအနှံ့အပြား ကျင်းပရာမှာ ထိုင်းအမျိုးသားလေတပ်က ကျင်းပတဲ့ ပွဲတွေမှာတော့ လေကြောင်းတိုက်ခိုက်ရေး လေယာဉ်တွေ၊ လ က်နက်ခဲ ယမ်းအမြှောက်တွေ ပြသထားတာက ထူးခြားမှုတခု ဖြစ်ပါတယ်။ ဘန်ကောက် ဒွန်းမောင်းလေဆိပ်မှာ AU - 23A / F-5 / F-6 နဲ့ နောက်ဆုံးပေါ် T-50TH အမျိုးအစားလေယာဉ်တွေပါ ပြသထားပြီး လေယာဉ်ပျံသန်းစဉ် အိတ်ဇောပေါက်ကနေ ရောင်စုံ မီးခိုးငွေ့တန်းတွေ မှုတ်ထုတ်ပြီး သက်တံ့ပုံ၊ ထိုင်းအလံပုံကိုပုံကို ဖော်ပြသွားပါတယ်။ ဒါ့အပြင် လေယာဉ်ပုံစံ အမျိုးမျိုးပါတဲ့ အရုပ်ဆေးရောင်စုံခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေ ဋိဖြေဆိုပွဲလည်း ကျင်းပခဲ့ပါတယ်။ ကလေးတွေအနေနဲ့ လေကြောင်းဆိုင်ရာ ဗဟုသုတအပြင် မိမိနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုး တက်မှုကို သိရှိစေလိုတဲ့အတွက် အခုလို စီစဉ်ပြသရခြင်းဖြစ်ကြောင်း ထိုင်းလေကြောင်းတပ်က ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ချုပ်ကြီး ဖုန်းဆစ် ဆေမာချိုင်းက သတင်းထောက်တွေကိုပြောပါတယ်။ ချင်းမိုင်က အမှတ် ၄၁ လေတပ်စခန်းမှာလည်း လေကြောင်းတိုက်ခိုက်ရေး သရုပ်ပြခဲ့ပြီး ကလေးတွေအနေနဲ့ လေယာဉ်ပျံနဲ့ အမြှောက်တွေ၊ သေနတ်တွေ၊ ကျည်ဆန်တွေကို  အနီးကပ်ကိုင်တွယ်ကြည့်ရှုခွင့်၊ လေယာဉ်မောင်းသူနေရာမှာ ခဏတာထိုင်ပြီး စတီယာရင်ကိုင်ခွင့် တွေရခဲ့ပါတယ်။
2 years Ago

July 2, 2018

ပျောက်ဆုံး ထိုင်းကလေးများကို ရှာဖွေရန် ရေအောက်သွားစက်ရုပ်များ တရုတ်ပံ့ပိုးမည်

ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူထဲမှာ ပျောက်နေတဲ့ လူငယ်ဘောလုံးသမာေးတွကို ရှာဖွေရာမှာ ကူညီဖို့ တရုတ်အစိုးရက ရေအောက်သွား စက်ရုပ်တွေ ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံတွင်း လိုဏ်ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက် လူငယ်ဘောလုံးအသင်းကိုရှာဖို့ တရုတ် ကယ်ဆယ်ရေးသမားတွေ ဇွန် ၃ဝ ရက်မှာ စတင် ပူးပေါင်းခဲ့ပြီး ရေအောက်သွား စက်ရုပ်တွေ ပံ့ပိုးဖို့လည်း ပြင်ဆင်နေပါတယ်။ “ကျနော်တို့ ကယ်ဆယ်ရေးသမား ၁၂ ယောက်ကနေ ၁၄ ယောက်ထိ ပါမယ့်အဖွဲ့ ၂ ဖွဲ့ ထပ်ပြီးစေလွှတ်မယ်။ ကယ်ဆယ်ရေးသမားတွေအစား သုံးဖို့ စက်ရုပ်တွေ ပံ့ပိုးဖို့ ထိုင်းအာဏာပိုင်တွေက ကျနော်တို့ကို အကူအညီ တောင်းထားတယ်။ ဘာလို့လဲဆိုတော့ အင်မတန် အန္တရာယ်ကြီးတယ်။ သူတို့ရဲ့ စက်ရုပ်တွေက ရေအောက်မီတာ ၁၀၀ ထိပဲ သွားနိုင်တယ်။ ကျနော်တို့ စက်ရုပ်တွေက ရေအောက် မီတာ ၄၀၀ ထိ ရှာနိုင်တယ်” လို့ တရုတ်နိုင်ငံ ကောင်းကင်ပြာ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ လူငယ်ဘောလုံး အသင်းဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြတွေကို ရှာနေတာ တနင်္လာနေ့မှာ ဆယ်ရက်ပြည့်ပြီဖြစ်ပေမယ့် သူတို့ရဲ့ သတင်းကို မကြားရသေးပါဘူး။ ကယ်ဆယ်ရေးအဖွဲ့ဟာ ၆ မိုင်ရှည်တဲ့ လိုဏ်ဂူထဲက ရေတွေကို စက်နဲ့ စုပ်ထုတ်နေပါတယ်။ တချိန်တည်းမှာပဲ ကယ်ဆယ်ရေးသမားတွေဟာ ဖောက်ထားတဲ့ ဂူပေါက်တွေကနေ စားစရာ သောက်ရေနဲ့ လက်ကိုင်ဖုန်းတွေကို ဂူထဲ ချပေးနေပါတယ်။ ထိုင်းရေတပ် ရေငုပ်သမားတွေကလည်း လိုဏ်ဂူအတွင်း မှောင်မည်းရွှံ့ထူပြီး ရေကြီးနေတဲ့ အစိတ်အပိုင်းတွေမှာ ပျောက်ဆုံးသူတွေကို ရှာနေတာပါ။ တောင်အောက် မြေအောက်လိုဏ်ဂူတွင်း ရေမလွှမ်းတဲ့ တောင်ခေါင်းဆီကို ရောက်ရေး ကယ်ဆယ်ရေးသမားတွေက မျှော်လင့်နေပါတယ်။ ဂူတွင်းက ပတ္တယားကမ်းခြေလို့ နာမည်ပြောင်ပေးထားတဲ့ နေရာဟာ ဂူဝကနေ ကီလိုမီတာ အတော်ဝေးဝေးမှာ ရှိနေတာပါ။ အဲဒီနေရာမှာ ပျောက်ဆုံး လူငယ်တွေ ရှိမယ်လို့ ယူဆထားလို့ အဲဒီနေရာကို ရောက်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ မိုင်ဝက်အကွာအဝေးမှာ ရောက်နေပြီလို့ ယုံကြည်ရင်း ကြိုးစား သွားရောက်နေဆဲပါ။
3 years Ago
Up