ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင် လမ်ချဘန်ဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားတဲ့ ကုန်သင်္ဘော တစီးပေါ်မှာ အသေးစား ပေါက်ကွဲမှုတွေaကြာင့် မီးလောင်ခဲ့ပုံကို မျက်မြင်သက်သေတွေက မေလ ၂၅ ရက်မှာ ရုပ်သံရိုက်ကူးယူနိုင်ခဲ့ပါတယ်။
ရုပ်သံထဲမှာ အပျက်အစီးတွေနဲ့ မီးခိုးနက်တွေ လေထဲ ထိုးတက်နေတာကို ပြထားပါတယ်။ မီးလောင်ပြင်ကို မီတာ ၂၀၀ အကွာအနားက တခြားသင်္ဘောတစီးပေါ်ကနေ ရုပ်သံ ရိုက်ကူးခဲ့တာပါ။
မနက် အာရုဏ်တက်ချိန်လောက်မှာ သင်္ဘောပေါ်က ကုန်သေတ္တာတလုံးကနေ အသေးစား ပေါက်ကွဲခဲ့အပြီး သင်္ဘောလည်း ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် လူအယောက် ၅၀ လောက် ဆေးရုံတင်ပို့ခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။
ဒီကုန်သင်္ဘောကို ဟောင်ကောင်က KMTC ဟောင်ကောင်ကုမ္ပဏီက လုပ်ငန်း လည်ပတ်နေတာလို့ ဆိပ်ကမ်းအကြီးအကဲက ပြောပါတယ်။
နာရီပိုင်းအတွင်း မီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီး ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
2 years Ago