ထိုင်းကို တရားမ၀င်လူပို့

A d v e r t i s e m e n t With Us

October 6, 2015

ထိုင်းကို တရားမ၀င်လူပို့သည့်အမျိုးသမီး ရန်ကုန်လေဆိပ်တွင် အရေးယူခံရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မသင်္ကာဖွယ် လူ ၆ ဦးကို စစ်ဆေးခဲ့ရာက ထိုင်းနိုင်ငံကို လိုင်စင်မရှိဘဲ တရားမ၀င် လူပို့ဆောင်တဲ့ အမျိုးသမီးတဦးကို ဖမ်းဆီး အရေးနိုင်ခဲ့ တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ပါတယ်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လေကြောင်းရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၄ ရက်မနက်က ရန်ကုန်လေဆိပ်မှာ ထိုင်းနိုင်ငံ သွားရောက်မယ့် ရှမ်းပြည်နယ် လားရှိုးမြို့နယ် သံလွင်ကျေးရွာနေ မကိန်းလင်းဆောင် (၁၉) နှစ်၊ မရင်ကျိန်း (၁၈) နှစ်၊ မကိန်းရင်ကျောက် (၂၈) နှစ်၊ မကိန်းရုံကျောက် (၂ဝ) နှစ်၊ မရွှန်းကျီ (၁၈) နှစ်နဲ့ မန်မတ်ကျေးရွာနေ မကျားလင် (၂၄) နှစ်တို့ ၆ ဦးကို မသင်္ကာဖွယ် တွေ့ရှိခဲ့တာပါ။ သူတို့ ၆ ဦးကို ခေါ်လာတဲ့ လားရှိုးမြို့နေ မလော်ဖန်း (ခ) မဝမ်းကျင်ဖွေး (ခ) မသဇင် (၃၇) နှစ်က ထိုင်းနိုင်ငံဖူးခက်ရှိ အလှပြင်ဆိုင်နဲ့ ငှက်သိုက်စက်ရုံတွေမှာ တရားမဝင် သွားရောက်အလုပ်လုပ်ဖို့ တဦးကို ငွေကျပ် ၆ သိန်းစီနဲ့ ပို့ဆောင်ခဲ့တာ စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားကို လူပို့ဖို့အတွက် တရားဝင် အကျိုးဆောင်လိုင်စင်မရှိဘဲ ဆောင်ရွက်ခဲ့တဲ့ မလော်ဖန်း (ခ) မဝမ်းကျင်ဖွေး (ခ) မသဇင်ကို မင်္ဂလာဒုံမြို့မရဲစခန်းကပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ဓာတ်ပုံ - ရဲဇာနည်
5 years Ago
Up