ထိုက်တန်

July 6, 2020

ကမ္ဘာ့အကောင်းဆုံးဆုနှင့်  လီဝန်ဒေါ့စကီး ထိုက်တန်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ပြော

တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဟမ်ဆီဖလစ်ခ်က သုံးသပ်လိုက်ပါတယ်။  ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ အခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၅၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းဘုရင်ဆုနဲ့ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို ပိုကယ်ဖလားမှာလည်း လေဗာကူဆင်ကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ ၅၁ ဂိုး သွင်းယူထားတယ် ဆိုကတည်းက အလွန်များပြားတဲ့အရေအတွက်ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ကစားသမားတဦး အနေနဲ့လည်း ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ထိုက်တန်တယ်လို့ ဘိုင်ယန်နည်းပြ ဖလစ်ခ်က သုံးသပ်ပါတယ်။  ဘိုင်ယန်မြူးနစ် ကစားသမားတွေထဲမှာ ဘလွန်းဒီအောဆုကို နောက်ဆုံးအကြိမ်ရရှိခဲ့တာက လက်ရှိအသင်း စီအီးအိုအဖြစ်တာဝန်ယူနေတဲ့ ကစားသမားဟောင်း ရူမင်နစ်ဂီဖြစ်ပြီး ၁၉၈၁ ခုနှစ်ကတည်းက ရယူခဲ့ဖူးတာပါ။
10 months Ago

March 1, 2020

ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား လီဗာပူးနှင့် ထိုက်တန်ဟု ဒီဘရိုင်းပြော

ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားက လီဗာပူးအသင်းနဲ့ ထိုက်တန်မှု ရှိတယ်လို့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ပြောပါတယ်။  လီဗာပူးအသင်းဟာ ပွဲစဉ် ၁၁ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၂ မှတ်အထိ ဖြတ်ထားတာကြောင့် ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။  အခုနှစ် ဘောလုံးရာသီဟာ နည်းပြ ပတ်ဂွါဒီယိုလာရဲ့ ပထမဆုံး ဘောလုံးရာသီတခုလို ခံစားရပြီး လီဗာပူးအသင်းကတော့ ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့အသင်း ဖြစ်တယ်လို့ ဒီဘရိုင်းက သုံးသပ်ခဲ့တာပါ။  မန်စီးတီးအသင်းအနေနဲ့ ခြေစွမ်းပြ ကစားနိုင်ဆဲ ဖြစ်ပေမဲ့ တချို့ပွဲစဉ်တွေမှာ အမှားအယွင်းတွေ ရှိခဲ့တာက လီဗာပူးအသင်းကို မယှဉ်နိုင်ခဲ့တာလို့ ဒီဘရိုင်းက ဝန်ခံခဲ့ပါတယ်။
1 year Ago
Up