ထိပ်သီးအသင်းများ

November 27, 2019

၃၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ထိပ်သီးအသင်းများ မျက်စိကျနေဆဲ

အသက် ၃၈ နှစ်အရွယ် ဝါရင့်ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ဥရောပ ထိပ်သီးအသင်းကြီး အတော်များများက မျက်စိကျနေဆဲ ဖြစ်ပေမယ့် အင်စတာဂရမ်မှာ တင်ခဲ့တဲ့သူ့ရဲ့ ပိုစ့်ကတော့ အဲဒီအသင်းတွေအားလုံးရဲ့  မျှော်လင့်ချက်ကိုတော့ ပျက်ပြယ်စေခဲ့ပါတယ်။  အတိအလင်း ထုတ်ကြေညာခြင်း မရှိသေးဘူး ဆိုပေမယ့်လည်း မိုဗစ်ကတော့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ဆွီဒင်ကလပ် ဟမ်မာဘီအသင်း ဂျာဆီ နောက်ကျောမှာ သူ့ရဲ့နာမည်နဲ့ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။  မီလန်မြို့ခံနှစ်သင်း အပါအဝင် အီတလီစီးရီးအေကလပ် အတော်များများက ခေါ်ယူဖို့ ပြင်ဆင်နေခဲ့ပေမယ့် မိုဗစ်ကတော့ မထင်မှတ်ဘဲ ဆွီဒင်ကလပ်ကိုပဲ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။  ဥရောပအောင်မြင်မှုကလွဲလို့ ကလပ်အသင်းကြီး တော်တော်များများအတွက် ပြည်တွင်းဆုဖလား အောင်မြင်မှုအများဆုံး ရယူထားခဲ့တဲ့ မိုဗစ်ကတော့ အသက်နဲ့မလိုက်တဲ့ ခြေစွမ်းတွေ ပြသသွားဖို့ ယုံကြည်မှုအပြည့်ရှိနေဆဲ ဖြစ်ပါတယ်။
1 year Ago

October 21, 2019

ပရီးမီးယားလိဂ် ထိပ်သီးအသင်းများနှင့် တွေ့တိုင်း ရက်ရှ်ဖို့ဒ် ဂိုးသွင်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးတွေနဲ့တွေ့တိုင်း ဂိုးသွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ စပါး အစရှိတဲ့ အသင်းတွေနဲ့ တွေ့ဆုံချိန် အနည်းဆုံး ၁ ဂိုး သွင်းယူထားပါတယ်။ လီဗာပူးနဲ့ ၃ ဂိုး၊ ချဲလ်ဆီးနဲ့ ၃ ဂိုး၊ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ၂ ဂိုးစီ၊ စပါးကိုတော့ ၁ ဂိုး သွင်းယူထားပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ပွဲကစားချိန် ၃၆ မိနစ်မှာ လီဗာပူးဘက်ကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၅ မိနစ်မှာ လယ်လာနာက ချေပဂိုး သွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ နိုင်ပွဲနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။
2 years Ago
Up