အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ၅၃ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးညီလာခံကို စက်တင်ဘာ ၉ ရက်က ဗွီဒီယိုကွန်ဖရင်စနစ်နဲ့ ကျင်းပခဲ့ကြပါတယ်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ကာလရှည်ကြာ နှောင့်နှေးနေတဲ့ တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းကမ်း အဆင့်မြှင့်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး တီထွင်ရာမှာ တိုးတက်မှု အခြေအနေနဲ့ ကာကွယ်ဆေး ရရှိရေးတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ သီးခြားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ ပါဝင်ပါတယ်။
6 months Ago