ထိပ်သီးကလပ် ၃ သင်း

January 14, 2020

မန်ယူနိုက်တက်အသင်း ဝင်ငွေအများဆုံးရရှိသည့် ထိပ်သီးကလပ် ၃ သင်း စာရင်းဝင်နေဆဲ 

၂၀၂၀ ခုနှစ်အတွက် ဒီလွိုက်တေး ဘောလုံးငွေကြေးလိဂ်ရဲ့ ထုတ်ပြန်ချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝင်ငွေဟာ ထိပ်သီး ၃ သင်း စာရင်းဝင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။  ယူနိုက်တက်ရဲ့ ဝင်ငွေဟာ တနှစ်ကို ပေါင် ၆၂၇ ဒသမ ၁ သန်းအထိ ရရှိထားပြီး လာလီဂါ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။  ဘာစီလိုနာအသင်းကတော့ ပေါင် ၇၄၁ ဒသမ ၁ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေသလို ရီးရဲလ်မက်ဒရစ်အသင်းကတော့ ၆၆၇ ဒသမ ၅ သန်း ရရှိထားပြီးတော့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဥရောပရဲ့ ဝင်ငွေအကောင်းဆုံးအသင်းတွေအဖြစ် ဖော်ပြခံရပါတယ်။  ယူနိုက်တက်ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းကတော့ တနှစ်ကို ပေါင် ၅၃၈ ဒသမ ၂ သန်းနဲ့ အဆင့် ၆ နေရာ၊ လီဗာပူးအသင်းကတော့ ၆၀၄ ဒသမ ၇ သန်းနဲ့ အဆင့် ၇ နေရာ၊ စပါးကတော့ ပေါင် ၄၅၉ သန်းနဲ့ အဆင့် ၈ နေရာ၊ ချဲလ်ဆီးကတော့ စပါးရဲ့နောက် ပေါင် ၇ သန်းလောက်အကွာနဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။  ချန်ပီယံလိဂ်နဲ့ ဝေးကွာနေခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အရင်က အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် လက်ရှိမှာ ပေါင် ၄၄၅ ဒသမ ၆ သန်းသာ ဝင်ငွေ ရရှိတော့တာကြောင့် အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။  ထုတ်ပြန်ချက်အရ ဆိုရင်တော့ ထိပ်တန်းအသင်း ၂၀ စာရင်းမှာ ပရီးမီးယားလိဂ်အသင်း ၈ သင်းလောက် ပါဝင်နေပါတယ်။
1 year Ago
Up