မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ထိပ်တိုက်တွေ့ဆုံမှု
Home
ထိပ်တိုက်တွေ့ဆုံမှု
A
d
v
e
r
t
i
s
e
m
e
n
t
With Us
June 16, 2020
2.4K
အောင်လအန်ဆန်နှင့် Martin Nguyen တို့ ထိပ်တိုက်တွေ့ဆုံမှု
ခေါင်းစဉ်ကြည့်လိုက်တာနဲ့ သို့လောသို့လော ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နဲ့ ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဗီယက်နမ်-သြစတြေးလျ အားကစားသမား Martin “The Situ-Asian” Nguyen တို့က တစ်သင်းတည်း ဖြစ်သလို အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နေလို့ပါပဲ။ ကြိုးဝိုင်းပြင်ပမှာ ညီအစ်ကိုအရင်းတွေလို တပူးတွဲတွဲရှိတတ်တဲ့ ၎င်းတို့နှစ်ယောက်ဟာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ချိန်မှာလည်း အကူလူဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလောက် ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက် ဘာကြောင့်များ ထိပ်တိုက်တွေ့ရသလဲဆိုတာ စိတ်ဝင်စားစရာ မေးခွန်းတခုပါပဲ။
စင်ကာပူအခြေစိုက် အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာလအတွင်း ပြိုင်ပွဲတွေ ရပ်နားထားချိန်မှာ အားကစားသမားတွေနဲ့ ပရိသတ်တွေ စိတ်အပန်းပြေစေမယ့် အစီအစဉ်ပေါင်းများစွာ ဖန်တီးတင်ဆက်နေရာမှာ ONE FACE-OFF ဆိုတဲ့ စိတ်လှုပ်ရှား ရယ်မောစရာပြိုင်ပွဲလေးတစ်ခု ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံး ပြုလုပ်တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်ဆုံတွေ့လာသူတွေက အောင်လအန်ဆန်နဲ့ Martin Nguyen တို့ဖြစ်ပြီး မိမိကျွမ်းကျင်ရာတစ်ခုကို ပြသခြင်း၊ အကောင်းဆုံး ပြိုင်ပွဲဝင်လှုပ်ရှားမှု၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အလျင်အမြန်ရှာဖွေနိုင်မှုဆိုတဲ့ စိန်ခေါ်မှု ၃ ခုကို တစ်ယောက် တလှည့်စီ ပြုလုပ်ရတာဖြစ်ပါတယ်။
အစီအစဉ်တင်ဆက်သူအဖြစ် ONE Championship ရဲ့ အစီအစဉ်တင်ဆက်သူ Michael Schiavello က ပြုလုပ်ပြီး အမှတ်ပေးဒိုင်လူ ကြီး ၃ ဦးအဖြစ် ONE Championship ဒုတိယဥက္ကဋ္ဌ Miesha Tate၊ ကြိုးဝိုင်းအတွင်း အစီအစဉ်ကြေညာသူ Dom Lau၊ Schiavello နဲ့အတူ ပူးတွဲတင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ Mitch Chilson တို့က ဆောင်ရွက်ခဲ့ပါတယ်။
ပြိုင်ပွဲဝင် အားကစားသမားနှစ်ဦးနဲ့ ဒိုင်လူကြီးတွေက သက်ဆိုင်ရာနေအိမ်ကနေ video conferencing နဲ့ ပါဝင်တင်ဆက်ခဲ့ကြတာပါ။ စိန်ခေါ်ယှဉ်ပြိုင်မှု တစ်ခုချင်းစီတိုင်းအတွက် ဒိုင်လူကြီး ၃ ဦးက တစ်မှတ်စီ ပေးကာ အနိုင်ရသူကို ကြေညာပေးတာဖြစ်ပြီး အနိုင်ရသူက ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစား Brandon “The Truth” Vera နဲ့ ဟောင်ကောင် အားကစားသမား Alain “The Panther” Ngalani တို့အတွဲကနေ အနိုင်ရမယ့်သူနဲ့ ဗိုလ်လုပွဲ ထပ်မံယှဉ်ပြိုင်ရမှာပါ။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြိုးဝိုင်းနဲ့ အဆက်ပြတ်နေတဲ့ အားကစားသမားတွေ၊ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ၊ ရယ်မောပျော်ရွှင်စရာ ရသကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
မိမိကျွမ်းကျင်ရာတစ်ခုကို ပြသခြင်း
ဒီစိန်ခေါ်မှုမှာ Martin Nguyen က အမည်းရောင် ONE ကတ်ပြားအလယ်မှာ အကြွေစေ့ တစ်ခုကို တင်ကာ ညာဘက်လက်ခလယ်ပေါ်တင်ပြီး ဘယ်လက်နဲ့ ကတ်ပြားကို တောက်ချရာမှာ အကြွေစေ့က ကတ်ပြားနဲ့အတူ လွင့်မသွားဘဲ ညာလက်ခလယ်မှာ တင်ကျန်ရစ်ခဲ့ပါတယ်။ ၎င်းရဲ့ကျွမ်းကျင်မှုက အံ့အားသင့်စရာကောင်းပေမယ့်လည်း ဒိုင်လူကြီးတွေက အချိုရည်သံဘူးခွံကို နဖူးနဲ့ ဆောင့်တိုက်ပြပြီး သံဘူးအခွံကို ကားတက်ကြိတ်သလို ပိန်လိမ်တွန့်ချိုင့်သွားအောင် လုပ်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့ သန်မာမှုစွမ်းရည်ကို သဘောကျကာ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံကို ၃-၀ မှတ်နဲ့ အနိုင်ပေးခဲ့ပါတယ်။
အကောင်းဆုံး ပြိုင်ပွဲဝင်လှုပ်ရှားမှု
ယခုစိန်ခေါ်မှုမှာတော့ Sanford MMA အသင်းသား နှစ်ယောက်စလုံးက ဒူးတိုက်ချက်တွေကို ကိုယ်စီပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒိုင်လူကြီး ၃ ဦးစလုံးက နာမည်ကျော် ဒူးပျံတိုက်ကွက်ပိုင်ရှင် Martin Nguyen ကို ၃-၀ နဲ့ အနိုင်ပေးခဲ့တာကြောင့် ဗိုလ်လုပွဲတက်မယ့်သူကို နောက်ဆုံးယှဉ်ပြိုင်မှု ပြီးဆုံးချိန်ကျမှ သိခွင့်ရခဲ့ပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရှာဖွေမှု
ဒီစိန်ခေါ်မှုမှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး စက္ကန့် ၃၀ အတွင်း ကျန်းမာရေးနှင့်ညီညွတ်သော အစေ့အနှံဖြင့် ပြုလုပ်ထားသောမုန့်၊ ထူးခြားဆန်းပြားသော အသီး၊ ကယ်လိုရီ လောင်ကျွမ်းစေသော အချိုတည်းစရာမုန့်ကို ရှာဖွေယူပြရတာ ဖြစ်ပါတယ်။
Martin Nguyen က ဂျုံဖြင့်ပြုလုပ်ထားသော မုန့်၊ လိမ္မော်သီးလို အသီးနှစ်လုံး၊ ရေခဲချောင်းတို့ကို ရေခဲသေတ္တာထဲက အချိန်မီ ယူဆောင်ပြနိုင်ခဲ့ပါတယ်။ အောင်လကလည်း နွားနို့နဲ့ တွဲစားလို့ရတဲ့ ရောင်စုံမုန့်ချိုဘူး၊ ဆူးတွေပါတဲ့ သရက်သီးလို အသီးတစ်လုံး၊ ရေခဲမုန့်ဘူးကြီး တစ်ဘူးတို့ကို ယူဆောင်နိုင်ခဲ့ပါတယ်။ ဒီအပိုင်းမှာ ဒူးရင်းသီးလို ဆူးတွေပါတဲ့ အစိမ်းရောင်အသီး၊ ရေခဲမုန့်ဘူးကြီးတွေက ဒိုင်လူကြီးတွေရဲ့ ရမှတ်တွေကို စုဆောင်းနိုင်ခဲ့ပြီး ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မြန်မာအားကစားသူရဲကောင်း အောင်လအန်ဆန်က ၆-၃ မှတ်နဲ့ အနိုင်ယူကာ နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အစားအစာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ foodpanda နဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ အောင်လအတွက် ကြည်နူးစရာဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။
9 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up