ထိပ်တန်းဦးစားပေး

A d v e r t i s e m e n t With Us

March 9, 2020

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးကို နိုင်ငံအားလုံးက ထိပ်တန်းဦးစားပေး သတ်မှတ်ရန် WHO တိုက်တွန်း

ကမ္ဘာ့နိုင်ငံအားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်မှု ထိန်းချုပ်ရေးကို ထိပ်တန်းဦးစားပေးအနေနဲ့ သတ်မှတ်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုက်တွန်း ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးမှာ နိုင်ငံအားလုံး အတူပါဝင် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း WHO က ဖိအားပေး ပြောဆိုပါတယ်။

အီရန်ကိုလည်း ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တဲ့ လုပ်ရပ်အတွက် ချီးကျူးလိုက်ပါတယ်။ ကမ္ဘာတဝန်း ဗိုင်းရပ်စ်ကူးစက်ခံ အတည်ပြုလူနာ ၁ သိန်းကျော်သွားပြီ ဖြစ်လို့ ဒီကူးစက်မှုဟာ ပိုကျယ်ပြန့်လာပြီး နက်နက်နဲနဲ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ WHO ရဲ့ ညွှန်ချုပ် တေဒရို ဂါဘရီယေးဆပ်က သတင်းထောက်တွေကို  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံအားလုံးက ကူးစက်မှု ထိန်းချုပ်ရေးကို အဆင့်မြင့်ဆုံး ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ဖို့ ဆက်ပြီး ထောက်ခံချက်ပေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။  ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအနေနဲ့ ခရီးသွားကန့်သတ်ချက်ကို နိုင်ငံရေး အငြင်းပွားမှုအတွက် မသုံးဘဲ လူ့အသက်တွေကို ကယ်ဖို့ ပိုပြီး အာရုံစိုက်သင့်တယ်လို့လည်း WHO က သတိပေးပြောပါတယ်။
12 months Ago
Up