ထိပ်တန်းကလပ်

A d v e r t i s e m e n t With Us

November 6, 2020

ဘိုင်ယန်နောက်ခံလူ အလာဘာကို ခေါ်ရန် ထိပ်တန်းကလပ် ၆ သင်း အပြိုင်ကြိုးပမ်း

စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ဥရောပ ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူလိုနေပါတယ်။  သြစတြီးယားကစားသမား ဒေးဗစ်အလာဘာဟာ အခုနှစ် ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း ဆွေနွေးတာ မရှိတဲ့အတွက်  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မှာဖြစ်ပါတယ်။  အလာဘာရဲ့အခြေအနေကို  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီး အသင်းတို့က စောင့်ကြည့်နေသလို စပိန်ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က လည်း စိတ်ဝင်စားနေတာပါ။  ဒါ့အပြင် ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာလည်း ဘိုင်ယန်နဲ့အတူ အောင်မြင်မှုတွေရ ယူနိုင်ခဲ့တဲ့ အလာဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ AS သတင်းစာက ဖော်ပြပါတယ်။ အသက် ၂၈ နှစ်ရှိ အလာဘာဟာ ဘိုင်ယန်ကို ၂၀၀၈ခုနှစ်ကတည်းက ဘိုင်ယန်မှာ ရောက်ရှိနေတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံ ၉ ကြိမ်၊ ဂျာမန်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရ ယူထားပါတယ်။
4 months Ago

April 29, 2020

မိုနာကို တိုက်စစ်မှူး ဘင်ရက်ဒါကို ခေါ်ယူရန် ထိပ်တန်းကလပ်များ စိတ်ဝင်စား

ပြင်သစ်ကလပ် မိုနာကိုတိုက်စစ်မှူးဘင်ရက်ဒါကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက စိတ်ဝင်စားနေပါတယ်။ အသက် ၂၉ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘင်ရက်ဒါဟာ လီဂူးဝမ်းမှာ ၁၈ ဂိုး သွင်းယူထားပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့အတူ ဂိုးသွင်းအများဆုံးစာရင်းမှာ ပူးတွဲရပ်တည်နေတာပါ။  မနှစ်ကမှ စပိန်လာလီဂါကလပ် ဆီဗီလာကနေ ပြောင်းရွှေ့လာပြီးနောက် ပြင်သစ်လိဂ်ပွဲစဉ် ၂၆ ပွဲမှာ ၁၈ ဂိုးသွင်းပြီး ၅ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဘင်ရက်ဒါကို ခေါ်ယူဖို့အတွက် မန်ယူ၊ လီဗာပူးနဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေကြတာပါ။  စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့လည်း သတင်းထွက်နေတဲ့ ဘင်ရက်ဒါကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။  တိုက်စစ်မှူး ဘင်ရက်ဒါကတော့ ပြီးခဲ့တဲ့နှစ်က မိုနာကိုအသင်းကို မပြောင်းရွှေ့ခင်မှာ ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ဖူးကြောင်း ဝန်ခံပြောကြားဖူးပါတယ်။ 
10 months Ago
Up