အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံ မတိုင်ခင် ကမ္ဘာတလွှားက သတင်းထောက်တွေ စင်ကာပူနိုင်ငံက နိုင်ငံတကာ မီဒီယာဌာနကို ရောက်နေကြပါတယ်။
ကမ္ဘာတလွှားက သတင်းထောက်တွေ စင်ကာပူနိုင်ငံရဲ့ နိုင်ငံတကာ မီဒီယာဌာနထဲမှာ ဇွန်လ ၁၀ ရက်က စုရုံးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား ထိပ်သီးညီလာခံအတွက် သတင်းယူဖို့ ဒီဌာနကို တရားဝင် ဖွင့်ပေးခဲ့တာပါ။
သတင်းထောက် အယောက် ၂၅၀၀ လောက် ပွဲတက် သတင်းယူမယ်လို့ မျှော်လင့်ထားပါတယ်။
တောင်ကိုရီးယား သတင်းထောက်တယောက် အနေနဲ့ သမိုင်းဝင် အခင်းအကျင်းထဲမှာ ရောက်နေရလို့ အင်မတန် ဂုဏ်ယူတယ်လို့ NEWS Y သတင်းဌာနက သတင်းထောက် လီဂျေးဟိုက ပြောပါတယ်။
“သူများကို စိတ်မဝင်စားတဲ့ ကျွန်းငယ်လေး စင်ကာပူမှာ သတင်းထောက်တွေ အများကြီးမြင်ရတာ တကယ်ကိုရှားတယ်။ ရိုက်ကူးခွင့်ရဖို့ သတင်းထောက် အယောက် ၅ ထောင်လောက် စာရင်းသွင်းနေတယ်လို့ ထင်တယ်။ ဒေသတွင်း ၁၅ နှစ်အတွင်း အရေးအကြီးဆုံး ပထဝီနိုင်ငံရေး ပွဲတွေထဲက တခုပဲ” လို့ ပြင်သစ် နိုင်ငံတကာ ရေဒီယို (RFI) က သတင်းထောက် ကယ်ရီ နိုတန်က ပြောပါတယ်။
ထရမ့်နဲ့ ကင်တို့ဟာ ဇွန် ၁၂ ရက်မှာ တွေ့ဆုံဖို့ မျှော်လင့်ခံထားရပါတယ်။ ဒီညီလာခံကနေ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေး အထောက်အပံ့တွေကို စားပွဲဝိုင်းတင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
5 years Ago