ထိပ်သီးစည်းဝေးပွဲ ကျင်းပ

April 1, 2018

မြန်မာအပါအ၀င် ၆ နိုင်ငံ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးစည်းဝေးပွဲ ကျင်းပ

ဗီယက်နမ်နိုင်ငံ မြို့တော် ဟန်နွိုင်းမှာ ၆ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ၆ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ (GMS) ကို မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မဟာမဲခေါင်ဒေသခွဲဟာ  ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံက လူဦးရေ သန်း ၃၀၀ ကျော်တို့ နေထိုင်အခြေချရာ နေရာတခုပါ။ GMS အဖွဲ့ဝင် နိုင်ငံတွေဟာ ဗီယက်နမ်ရဲ့ GMS မဟာဗျူဟာ အခြေခံ မူဘောင်အတွက် ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရေး လမ်းညွှန်ချက်တွေကို ကျင့်သုံးခဲ့ကြတာပါ. ၂၀၂၂ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ ကျော် တန်ကြေးရှိတဲ့ ပိုက်လိုင်းစီမံကိန်းတွေကိုလည်း အတည်ပြုခဲ့ကြပါတယ်။ “အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) အပါအ၀င် ပုဂ္ဂလိကနဲ့ တခြားပူးပေါင်းလုပ်ဆောင်မှုတွေ အပါအဝင် စီမံကိန်း ၂၀၀ ကျော်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံဝင်ငွေရရှိခဲ့တာက GMS အစည်းအဝေးဟာ အောင်မြင်တဲ့ ဖိုရမ်တစ်ခုဖြစ်တယ်ဆိုတာ ညွှန်ပြနေပါတယ်။ ဒါက GSM နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် လက်တွေ့မှာ ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဖြစ်တယ်” လို့ ဗီယက်နမ် ၀န်ကြီးချုပ် ဝင့်စွန်းပူးက ပြောကြားခဲ့ပါတယ်။ “တရုတ်နိုင်ငံထဲက ပြည်နယ်တွေ မပါရင်တောင် ဒေသတွင်းအခြေအနေက အလားအလာကောင်းနေပါတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ထိုင်း စတဲ့ ၅ နိုင်ငံက လူဦးရေဟာ သန်း ၂၄၀ ရှိနေပါတယ်။ ဒါက ကြီးမားတဲ့ စီးပွားရေးနယ်ပယ်တခုဖြစ်ပြီး တိုးတက်နေပါတယ်။ ကျနော်ကတော့ ဒီဒေသရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်” အပြုသဘောရှုမြင်ပါတယ်” လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ဥက္ကဋ္ဌ တာကီဟီကို နာကာအိုက ပြောပါတယ်။ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံတွေဟာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေစေဖို့ ဒေသဆိုင်ရာ ဆက်သွယ်ရေးကောင်းမွန်မှုကို အလေးထားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ ထိပ်သီးစည်းဝေးပွဲကို မြန်မာနိုင်ငံက ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်နေပါတယ်။
3 years Ago
Up