ထိပ်တန်းလက်ဝှေ့ကျော် ကလစ်ရှ်ကို

January 19, 2019

ကြိုးဝိုင်းထဲ တကျော့ပြန်ဝင်လာမည့် ထိပ်တန်းလက်ဝှေ့ကျော် ကလစ်ရှ်ကို

ဘောက်ဆင်လောကရဲ့ ထိပ်တန်း လက်ဝှေ့ကျော်ဖြစ်ခဲ့သူ ဝလာဒီမာကလစ်ရှ်ကိုက ကြိုးဝိုင်းထဲ ပြန်လာတော့မှာဖြစ်ပြီး ၃ ပွဲထိ ပြန်လည် ထိုးသတ်သွားမယ်လို့ သိရပါတယ်။ အဲဒီလို ပြန်လည်ထိုးသတ်မယ့်ပွဲစဉ်ထဲမှာ ပွဲကောင်း ၂ ပွဲပါနေပြီးတော့ တပွဲက တိုင်ဆန်ဖျူရီနဲ့ဖြစ်ပြီး တပွဲကတော့ အန်တိုနီဂျော်ရွှာနဲ့ ဖြစ်ပါတယ်။ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းသား ကလစ်ရှ်ကိုဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလက ဂျော်ရွှာကို ရှုံးနိမ့်ပြီး လက်ဝှေ့လောကကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ကလစ်ရှ်ကိုဟာ အသက် ၄၀ ကျော်နေပေမယ့် ကြံ့ခိုင်မှု ပြည့်ဝနေသေးတာကြောင့် ကြိုးဝိုင်းထဲပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ကလစ်ရှ်ကိုဟာ ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့အပါအဝင် ခါးပတ် ၅ ခု ချန်ပီယံ ဖြစ်ခဲ့ပြီး အချိန်ကြာမြင့်စွာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းထားနိုင်သူလည်း ဖြစ်ပါတယ်။ သက်တမ်းတလျှောက် ဗြိတိန်လက်ဝှ့ကျော်တွေဖြစ်တဲ့ ဖျူရီနဲ့ ဂျော်ရွှာကို ရှုံးနိမ့်အပြီးမှာ အနားယူနေခဲ့ပေမယ့် အခုလိုကြိုးဝိုင်းထဲ ပြန်လာတော့မယ်ဆိုတဲ့သတင်းကြောင့် ကလစ်ရှ်ကိုရဲ့ ပရိသတ်တွေ ကျေနပ်ခဲ့ရပါတယ်။ ဗက်တာလီနဲ့ ဝလာဒီမာဆိုပြီး ညီအကိုနှစ်ဦးဟာ ယူနက်စကိုနဲ့ ပရဟိတလုပ်ငန်းတွေ တွဲလုပ်နေတယ်လို့ သိရပါတယ်။
2 years Ago
Up