ထိပ်ဆုံးရှိနေ

January 7, 2018

ပရီးမီးယားလိဂ် ပြစ်ဒဏ်ကျူးလွန်းဆုံးကစားသမားအဖြစ် ဂျက်ဝီလ်ရှိုင်းယား ထိပ်ဆုံးရှိနေ

ပရီးမီးယားလိဂ်​ရဲ့ ပြစ်​ဒဏ်​​အကျူးလွန်​ဆုံး ကစားသမား စာရင်းမှာ အာဆင်​နယ်​အသင်းရဲ့ ကွင်းလယ်​ကစားသမား ဂျက်​ဝီလ်​ရှိုင်းယားက ထိပ်​ဆုံးက ရှိနေပါတယ်​။ တပွဲပျမ်းမျှပြစ်​ဒဏ်​ ၃ ဒသမ ၅၉ ကြိမ်​ကျူးလွန်​ထားခဲ့ပြီး​ ၁၁ ပွဲပဲကစားထားခဲ့ပါတယ်​။ အဲနောက်​မှာ​တော့ ဝက်​ဖိုဒ့်​အသင်းရဲ့ ကစားသမား ရစ်​ချဲလ်​လီဆင်​က တပွဲပျမ်းမျှ ၃ ဒသမ ၃၂ ကြိမ်​နဲ့ ဒုတိယ​၊ ဘန်​​လေအသင်းရဲ့ ကစားသမား အက်​ရှ်​​လေဘားနက်​စ်​က ၃ ဒသမ ၃၁ ကြိမ်​၊ ဝက်​စ်​ဟမ်းအသင်းက ဂျာဗီယာဟာနန်​ဒက်​စ်​က ၃ ဒသမ ၂၇ ကြိမ်​၊ ချဲလ်​ဆီးအသင်းတိုက်​စစ်​မှူး အီဒင်​ဟာဇက်​ က ၃ ဒသမ ၀၈ ကြိမ်​ နဲ့ အသီးသီးရပ်​တည်​​နေခဲ့ပါတယ်​။ ဝီလ်​ရှိုင်းယားဟာ ဒဏ်​ရာ​ကြောင့် အနားယူ​နေရ​ပေမယ့် ပြန်​လည်​ကစားတဲ့အချိန်​မှာ ၁၁ ပွဲ ကစားရ​သေး​ပေမယ့် အခုလို ပြစ်​ဒဏ်​ကျူးလွန်​သူ အများဆုံးစာရင်းမှာ ထိပ်​ဆုံးက ဦး​ဆောင်​ခဲ့ပါတယ်​။ ဝီလ်​ရှိုင်းယားဟာ ခရစ္စတယ်​ပဲလ်​​စ့်​အသင်းနဲ့ ပွဲစဉ်​မှာ ၇ ကြိမ်​၊ ဝက်​စ်​ဘရွန်းအသင်းဟာ ၄ ကြိမ်​၊ ချဲလ်​ဆီး၊ ဝက်​စ်​ဟမ်း၊ လီဗာပူး၊ အသင်းတို့နဲ့မှာ ၃ ကြိမ်​စီနဲ့ ကျန်​အသင်း​တွေနဲ့ပွဲစဉ်​မှာ ၁ ကြိမ်​စီ ကျူးလွန်​ခဲ့တာပဲ ဖြစ်​ပါတယ်​။
4 years Ago
Up