ထိပ်ဆုံးမှရပ်တည်

May 31, 2017

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးအသင်းများတွင် မန်ယူ ထိပ်ဆုံးမှရပ်တည်

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးအသင်းတွေစာရင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရီးရဲမက်ဒရစ်အသင်းကို ကျော်လွန်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂ ရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ပျောက်ဆုံးခဲ့ပေမယ့် အင်္ကျီစပွန်ဆာကြေး၊ ရုပ်သံလွှင့်ခရရှိငွေနဲ့ အခြားသောပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်တာကနေ ဆုကြေးငွေတွေ ရရှိခဲ့တာကြောင့် ထိပ်ဆုံးမှာ ရှိနေတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ဖိုး ယူရို ၃ ကုဋေနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကတော့ ယူရု ၂ ဒသမ ၇ ကုဋေ နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ တတိယနေရာမှာတော့ ဘာစီလိုနာအသင်းက ယူရို ၂ ဒသမ ၆ ကုဋေ၊ စတုတ္ထနေရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ယူရို ၂ ဒသမ ၃ ကုဋေ နဲ့ အသီးသီးရပ်တည်နေပါတယ်။ ထိုအသင်းတွေရဲ့ နောက်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးအသင်းတို့က ရပ်တည်နေခဲ့ပြီးတော့ အဆင့် ၉ နေရာမှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ အဆင့် ၁၀ နေရာမှာတော့ အခုနှစ်မှာ ခြေစွမ်းတွေ သိသိသာသာ တိုးတက်လာပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာရရှိခဲ့တဲ့ စပါးအသင်းကရပ်တည်နေခဲ့ပါတယ်။
4 years Ago
Up