ထိန်းသိမ်း

October 16, 2020

မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်းကို လော့စ်အိန်ဂျလိစ်လေဆိပ်တွင် ထိန်းသိမ်း

မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း အန်းရစ် ပီညာနဲတိုးကို လော့စ်အိန်ဂျလိစ် လေဆိပ်မှာ အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (DEA) က ထိန်းသိမ်းလိုက်တယ်လို့  အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း အောက်တိုဘာ ၁၅ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  ဒါ့အပြင် မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း ထိန်းသိမ်းခံရတဲ့ကိစ္စကို အမေရိကန် သံအမတ်ကြီးက အသိပေးခဲ့တယ်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာ ရေးခဲ့ပါတယ်။  ကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် စွဲဆိုမယ့် စွဲချက်တွေကို လော့စ်အိန်ဂျလိစ် ကောင်စစ်ဝန်ရုံးက နောက်နာရီ အနည်းငယ်မှာ အသိပေးသွားမှာဖြစ်ပြီး မက္ကဆီကိုဘက်ကလည်း ရခွင့်ရှိတဲ့ ကောင်စစ်ဝန်ရုံးအကူအညီ ပေးအပ်သွားမယ်လို မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။  ပီညာနဲတိုး အစိုးရအဖွဲ့နဲ့ ပါတီဝင်အတော်များများဟာ  အဆင့်မြင့်ပိုင်း အကျင့်ပျက်ခြစားမှု တွေမှာ ပါဝင်ပတ်သက်နေပြီး တခါတရံမှာ  ဂိုဏ်းဖွဲ့ရာဇဝတ်မှုတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းပါဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
1 year Ago

September 5, 2020

ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူ၏ဈာပန တက်ရောက်သူများကို ပီရူးရဲတပ်ဖွဲ့ ထိန်းသိမ်း

ပီရူးနိုင်ငံ ဟွမ်ကာယိုမြို့မှာ  အစိုးရရဲ့လော့ဒေါင်းအမိန့်ကို ချိုးဖောက်ပြီး  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သူရဲ့ ဈာပနကို တက်ရောက်ခဲ့တဲ့ ဘုန်းကြီး တစ်ပါးနဲ့  လူ အယောက်  ၂၀ ကို စက်တင်ဘာ  ၃ ရက်မှာ  ရဲက ထိန်းသိမ်းခဲ့တယ်လို့  ဒေသမီဒီယာက ဆိုပါတယ်။    နေအိမ်တခုမှာလုပ်တဲ့ ဈာပနပွဲကို  ရဲတွေ ရောက်လာပြီးနောက် အစီအစဉ်ရပ်ပစ်ဖို့နဲ့  တက်ရောက်သူတွေကို ရဲစခန်းလိုက်ခဲ့ဖို့ ပြောဆိုခဲ့ပါတယ်။   ဈာပနပွဲ တက်သူတွေကတော့ ဒီထက်ပိုများတဲ့ လူစုလူဝေးကို ရှောင်ဖို့ ဈာပနပွဲကို တိုက်ရိုက် လွှင့်နေပြီး  တက်ရောက်သူတွေကလည်း တဦးနဲ့တဦး ခပ်ခွာခွာနေတဲ့ စည်းကမ်းတွေကို လိုက်နာ တယ်လို့ ဆိုပါတယ်။   ဒါပေမဲ့ ပီရူးလော့ဒေါင်းစည်းကမ်းဟာ နေအိမ်မှာလုပ်တဲ့ လူမှုရေးနဲ့မိသားစုပွဲ အားလုံးကို တားမြစ်တယ်လို့ သိရပါတယ်။  ဈာပနပွဲမှာရှိတဲ့ ဘုန်းကြီးက ရဲတွေကို အကျိုးအကြောင်း ရှင်းပြပေမယ့် ထိန်းသိမ်းခံရသူ တွေထဲ သူလည်း ပါသွားခဲ့ပါတယ်။  ပီရူးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ  ကမ္ဘာ့ပဉ္စမအများဆုံးဖြစ်ပြီး ကူးစက်သူ ၆၇၀,၀၀၀ ကျော်ရှိကာ သေဆုံးသူကတော့ စက်တင်ဘာ ၃ ရက်အထိ ၃၀၀၀၀   နီးပါးရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
More News
Up