ကစားသမားဘဝမှာ ထိန်းချုပ်ရအခက်ဆုံး ပြိုင်ဘက်ဟာ မန်စီးတီး တောင်ပံကစားသမား စတာလင် ဖြစ်တယ်လို့ မန်ယူနောက်ခံလူ ဝမ်ဘစ်ဆာကာက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာတော့ သူ့အတွက် စိန်ခေါ်မှုအရှိဆုံး ပြိုင်ဘက်ကစားသမားဟာ မန်စီးတီးက စတာလင်ဖြစ်တယ်လို့ ဝမ်ဘစ်ဆာကာက ပြောပါတယ်။
ဆာကာဟာ အခုနှစ်ဘောလုံးရာသီမှာ စတာလင်နဲ့ ပွဲစဉ် ၄ ပွဲအထိ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရပြီး ရလဒ်ပိုင်းအရတော့ မန်ယူအသင်းက ၃ ပွဲ နိုင် ၁ ပွဲ ရှုံးခဲ့ပါတယ်။
ဆာကာအနေနဲ့ စတာလင်က အမြဲတမ်း ဒုက္ခပေးနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်လို့ အာရုံစိုက်ပြီး ယှဉ်ပြိုင်ရပေမယ့်လည်း အဲဒီလို ထိန်းချုပ်ရတာကိုလည်း ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။
11 months Ago