ထိန်းချုပ်ဖောက်ခွဲနည်

July 23, 2020

ဆိုက်ဘေးရီးယားတောမီးကို ထိန်းချုပ်ဖောက်ခွဲနည်းဖြင့် ငြှိမ်းသတ်

ရုရှားနိုင်ငံဆိုက်ဘေးရီးယားဒေသမှာ လောင်နေတဲ့တောမီးကို ငြှိမ်းသတ်ဖို့ ရုရှားမီးသတ် သမားတွေဟာ ဇူလိုင်လ ၂၁ရက်က ထိန်းချုပ် ဖောက်ခွဲနည်းကို သုံးခဲ့တယ်လို့ အေရီရယ်သစ်တော ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။  ဒေသတွင်းမှာ အပူချိန် ၃၉ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိနေပြီး ဒီလအစတည်းက ရာသီဥတုက ခြောက်သွေ့နေတယ်လို့လည်း ကြေညာချက်က ပြောပါတယ်။  ရုရှားနိုင်ငံတဝန်း တောမီးတွေကို ငြှိမ်းသတ်ဖို့ တိမ်ထဲ ရေခဲမှုန်ဖျန်းပြီး မိုးမျိုးစေ့ပျိုးတဲ့ နည်းလမ်းနဲ့ ထိန်းချုပ်ဖောက်ခွဲတဲ့ နည်းလမ်းတွေကို သုံးနေတယ်လို့လည်း ဌာနမန်နေဂျာ နီကိုလိုင် ခရီဗိုရှိဗ်က ပြောပါတယ်။  အင်္ဂါနေ့မှာ ဆိုက်ဘေးရီးယားတောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမား အယောက် ၅၄၀ လောက်ကို တာဝန်ချထားတယ်လို့လည်း ဌာနက ပြောပါတယ်။
1 year Ago
Up