ထိန်းသိမ်းရေးစခန်း ခေါ်ဆောင်

March 31, 2017

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို ထိန်းသိမ်းရေးစခန်း ခေါ်ဆောင်

လာဘ်စားမှုနဲ့စစ်ဆေးခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို တရားရုံးက မနေ့က ဖမ်းမိန့်ထုတ်လိုက်ပြီးနောက် ၀ီဝမ်မြို့ ထိန်းသိမ်းရေးစခန်းဆီ ဒီနေ့ ခေါ်ဆောင်သွားပါတယ်။ သူဟာ အဲ့ဒီထိန်းသိမ်းရေးစခန်းမှာ ရက်ပေါင်း ၂၀ ကျော် နေထိုင်ရဖို့ ရှိပါတယ်။ သမ္မတဟောင်း ပတ်ဟာ မနေ့က ဆိုးလ်ခရိုင်တရားရုံးမှာ ၈ နာရီလောက်ကြာအောင် စစ်ဆေးခံခဲ့ရပါတယ်။ သူ့ကို အစိုးရထိပ်တန်းလျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှု၊ အာဏာအလွဲသုံးမှု၊ လာဘ်စားမှုမှာ ပူးပေါင်းပါဝင်မှု စတဲ့စွဲချက်တွေနဲ့ စစ်ဆေးခဲ့တာပါ။ အဲ့ဒီ့နောက် တရားသူကြီးတွေက ရရှိထားတဲ့ သက်သေအထောက်အထား စာရွက်စာတမ်းတွေကို စစ်ဆေးနေချိန်မှာ သမ္မတဟောင်း ပတ်ကို အမှုစွဲရှေ့နေရုံးမှာ ယာယီ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲ့ဒီလို စစ်ဆေးပြီးတဲ့နောက် တရားသူကြီးတွေက ဖမ်းမိန့်ထုတ်ခဲ့တဲ့အတွက် ဒီကနေ့ ထိန်းသိမ်းရေးစခန်းဆီ ပို့ဆောင်လိုက်တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up