ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့် မော်လမြိုင်က စိန်တုံးမိဖုရားကျောင်း

A d v e r t i s e m e n t With Us

July 8, 2018

ပေ ၁၅၀ ခန့်ရှိ အင်ကြင်းကျောက်တွေ့ရှိ၊ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်

ပုပ္ပါးတောင်နားက ကြိုးဝိုင်းထဲမှာ အရှည်ပေ ၁၅၀ လောက်ရှိတဲ့ အင်ကြင်းကျောက်အပါအဝင် ရှေးဟောင်းသံချက်ဖိုတွေ၊ အုတ်တိုက်တွေ တွေ့ထားပြီး ဘူမိဥယျာဉ်တခုအဖြစ် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုနေတယ်လို့ ပုပ္ပါးတောင်ချစ်သူများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်၊ ကိုးကွေ့ကြိုးဝိုင်းထဲမှာ တွေ့ထားတာလို့ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေက ပြောပါတယ်။ “ကျနော်တို့ သွားကြည့်တော့ မြေပေါ်မှာ အရှည်က ပေ ၁၄၀ လောက်၊ လုံးပတ်က ၁၃ ပေလောက်ရှိတယ်။ မြေအောက်မှာလည်း ရှိသေးတယ်။ ဒီပတ်ဝန်းကျင်မှာလည်း အင်ကြင်းကျောက်တွေ အများကြီး တွေ့ရတယ်” လို့ ပြောပါတယ်။ ဒါကို ပုပ္ပါးတောင်ကို လေ့လာနေတဲ ဘူမိပညာရှင်တွေကိုလည်း ခေါ်ပြထားပြီး တခြားကျောက်ဖြစ် ရုပ်ကြွင်းတွေရှိနိုင်တယ်လို့ ခန့်မှန်းကြောင်းလည်း သူက ပြောပါတယ်။ “ဒီနေရာမှာရှိနေတဲ ရွာသုံးရွာကို သံဘို (သံဖို) ရွာလို့ ခေါ်တယ်ဗျ။ အခုလည်း ဟိုးအရင်က သံချက်ဖိုလို့ ယူဆရတဲ့ နေရာတွေ တွေ့တယ်။ ဖောင်ဒေးရှင်းပဲကျန်တော့တဲ့ အုတ်တိုက် အဆောက်အအုံတွေလည်း တွေ့တယ်။ ဒါကြောင့် ယူနက်စကို ဘူမိဥယျာဉ်ကြီးနေနဲ့ ဖြစ်လာဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။ အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုက “ကျနော် နောက်ထပ်သွားကြည့်ပါဦးမယ်။ ပြီးတော့ ပညာရှင်တွေနဲ့လည်း ဆွေးနွေးဦးမယ်။ ပြီးမှ ဘာလုပ်သင့်တယ်၊ ဘာလုပ်နိုင်မလဲဆိုတာ ပြောတာ ပိုကောင်းပါတယ်” လို့ ပြောပါတယ်။
3 years Ago

May 15, 2017

ကျောက်တန်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရှေးဟောင်း သုတေသန သွားရောက်လေ့လာ

ကျောက်တန်းမြို့နယ် ဥယျာဉ်ကျေးရွာက ဘုရားကုန်းတော်ဟောင်းတွေ၊ ရေတွင်း၊ ရေကန်တွေကို ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ မေ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနက ဒုဦးစီးမှူးဦးမင်းဟန်တို့ လာရောက်လေ့လာခဲ့ကြပါတယ်။ ရှေးခေတ် ပါဒဘုရင့်သမီးတော် နေထိုင်ခဲ့တဲ့ ဥယျာဉ်ရွာမှာ အရင်က ဘုရားကုန်း ၉ ကုန်း၊ ရေကန်ကြီး ၉ ကန်၊ ရေတွင်း ၉ တွင်း တည်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိအချိန်မှာ ရေကန်ကြီး ၃ ကန်၊ ရေတွင်း ၂ တွင်းနဲ့ ပျက်စီးယိုယွင်းနေတဲ့ ဘုရားကုန်းမြေတွေသာ ကျန်ရှိတော့ပါတယ်။ လက်ရှိမှာ ရေတွင်း ရေကန် တချို့ဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးလာတဲ့အတွက် ထိန်းသိမ်းပြုပြင်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။ ဒါ့အပြင် ကျောက်တန်းမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေကို ဆက်လက် ဖော်ထုတ်သွားမယ်လို့ သူက ဆိုပါတယ်။
4 years Ago
Up