ထိန်းသိမ်းမှု မရှိသဖြင့် ပျောက်ကွယ်လုနီး ဖြစ်နေ

February 5, 2018

ကနောင်မင်းသားကြီး တည်ခဲ့သည့် စက်ရုံများ ထိန်းသိမ်းမှု မရှိသဖြင့် ပျောက်ကွယ်လုနီး ဖြစ်နေ

မြန်မာနိုင်ငံမှာ ရေမြှုပ်ဗုံးကို တီထွင်ခဲ့သူ ကနောင်မင်းသားကြီး တည်ထောင်ထားခဲ့တဲ့ စက်ရုံပေါင်း ၅၀ ကျော်ဟာ ထိန်းသိမ်းမှုမရှိလို့ တချို့စက်ရုံတွေဟာ ပျောက်ကွယ်လုနီးပါးရှိနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။ အရင်တချိန်က ခေတ်မီစက်ရုံတွေဖြစ်ခဲ့တဲ့ စာပုံနှိပ်စက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ အထည်အလိပ်စက်ရုံ၊ ဆန်စက်ရုံ၊ လက်နက်စက်ရုံ၊ ခဲယမ်းစက်ရုံ အပါအဝင် ခေတ်မီစက်ရုံပေါင်း ၅၀ ကျော်ကို ကနောင်မင်းသားကြီးက တည်ဆောက်ခဲ့တာပါ။ တချို့စက်ရုံတွေက မန္တလေး နန်းတွင်းထဲမှာ တည်ရှိပြီး မန္တလေးမြို့ အနောက်မြောက်ဘက် ရွှေတချောင်းအနီးမှာလည်း တည်ဆောက်ခဲ့ပါတယ် ။ စစ်ကိုင်းမြို့ဘက်မှာလည်း လက်နက်စက်ရုံကြီး ၂ ရုံ တည်ဆောက်ခဲ့တာဖြစ်ပြီး  စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှာ တည်ထားတဲ့ လက်နက်စက်ရုံကိုတော့ စောင့်ရှောက် ထိန်းသိမ်းမှုတွေ လုပ်ဖို့ စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
3 years Ago
Up