စပါးအသင်းနဲ့ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟူဂိုလိုရစ်ဟာ အရက်သောက်စားပြီး ကားမောင်းခဲ့တာကြောင့် ဗြိတိန်ရဲတပ်ဖွဲ့က သြဂုတ် ၂၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
လိုရစ်ဟာ ပြီးခဲ့တဲ့လက ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် လိုရစ်ဟာ ဗြိတိန်အရှေ့ဖင်ချလီ ပြည်နယ်မှာ အရက်မူးပြီး မောင်းခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
လိုရစ်ဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းအပြင် စပါးအသင်းမှာလည်း အဓိကကစားသမားတဦးအဖြစ် ပွဲထွက်ကစားနေရသူဖြစ်ပေမယ့် အခုလုပ်ရပ်ဟာ သိက္ခာကျစရာဖြစ်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။
လိုရစ်ဟာ လိုင်ယွန်အသင်းကနေ စပါးအသင်းကို ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၅၄ ပွဲကစားထားခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့် တနင်္လာနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
5 years Ago