ထိန်ပင်သုသာန်ဝင်း စည်ပင်အမှိုက်ပုံတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များ တွေ့ရှိ

April 20, 2016

ထိန်ပင်သုသာန်ဝင်း စည်ပင်အမှိုက်ပုံတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များ တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စွန့်ပစ်အမှိုက်ပုံထဲက လက်ပစ်ဗုံးတစ်လုံး အပါအ၀င် ကျည်ဆန်တွေ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ၇.၆၂ G3 ကျည် ၄၀ တောင့်၊ ၇.၆၂ AK 47 ကျည် ၂ တောင့်၊ ၅.၅၆ MA Series ကျည် ၁၉ တောင့်၊ ၅.၅၆M16 ကျည်၂၃ တောင့်၊ 9MM ကျည် ၄၈ တောင့်၊ .၃၀ကာဘိုင်ကျည် ၁၁ တောင့်၊ .၃၀၃ မီလီမီတာပို့ကျည် ၂တောင့်၊ ၉၁ လက်ပစ်ဗုံး (Fuse မပါ) ၁ လုံး၊ လက်ပစ်ဗုံး(Fuse)၃ ခု၊ 9မီလီမီတာ BA 94 စတင်းကျည်ဘောက် ၁ခု၊ ကာဘိုင်ကျည်ဘောက် ၂ ခု၊ ၅.၅၆(၃၅) တောင့်ဝင်ကျည်ဘောက် ၁ ခု၊ ၅.၅၆ (၂၀) တောင့်ဝင်ကျည်ဘောက် ၁ ခုတို့ကို တွေ့ရှိခဲ့တာပါ။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာ ထိန်ပင်သုသာန်ဝင်းထဲက စည်ပင်အမှိုက်ပုံမှာ ဧပြီလ ၁၈ ရက် ညက သတင်းရလို့ သွားရောက်စစ်ဆေးရာကနေ  လက်ပစ်ဗုံးနဲ့ ကျည်ဆန် အမျိုးမျိုး စတဲ့ စစ်လက်နက်ပစ္စည်းတွေကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။
6 years Ago
Up