ထိတွေ့သူ ၃ ဦး

September 3, 2020

မြင်းခြံမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ နှင့် ထိတွေ့သူ ၃ ဦးတွင် ရောဂါပိုးတွေ့ 

မြင်းခြံမြို့က ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၇၈၈ နဲ့ ထိတွေ့သူ ၃ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြင်းခြံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ၃ ဦးထဲက ၂ ဦးဟာ မန္တလေးမြို့မှာ ဟိုတယ် Quarantine ဝင်နေလို့ စက်တင်ဘာ ၂ ရက် ညပိုင်းက အဆိုပါဟိုတယ်ကနေ ကန်တော်နဒီဆေးရုံကို ပြောင်းရွှေ့ထားပါတယ်။ မနေ့ညက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၅၇ ဦးတွေ့ရှိရာမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ်က လူနာ ၁ ဦးပါဝင်လာတာ ဖြစ်ပါတယ်။ Photo - Kaung Zaw Hein / MPA
1 year Ago
Up