ထိတွေ့ခဲ့သူများ

June 3, 2020

ညောင်လေးပင်တွင် ကိုဗစ်- ၁၉ လူနာသစ် ၁ ဦးတွေ့ရှိ၊ လူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေနေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်န-၁၉  ဓာတ်ခွဲအတည်ပြုလူနာသစ်  ၁ ဦးတွေ့ရှိခဲ့တဲ့အတွက် သူနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေကို စုံစမ်းရှာဖွေနေတယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၂၃၃ ဟာ မေလ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံက ပြန်လာခဲ့တာ ဖြစ်ပြီး ပဲခူးမြို့ဘုရားကြီး quarantine စခန်းမှာ  ၄ ရက်တာနေထိုင်ခဲ့တာ​ဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့မှာ ညောင်လေးပင်မြို့ အထက (၂) ကျောင်း Faciality Quarantine စင်တာမှာ တညအိပ်ခဲ့ပြီ ပြွန်တန်ဆာမြို့ သီတဂူစက္ကုဒါနဆေးရုံ Faciality Quarantine ကို မေလ ၃၀ ရက်နေ့မှာ ရောက်ရှိခဲ့တာလို့ဆိုပါတယ်။ ညောင်​လေးပင်မြို့နယ် ​ဆေးရုံအုပ်​ကြီး ဒေါက်တာ သောင်းဒန်ဦး က “လူနာအမှတ် ၂၃၃ ဟာ ကိုယ်ပူ ဖျားနာ ချောင်းဆိုးခြင်း လက္ခဏာမပြပေမယ့် ဒီနေ့မှာတော့ အထက်ကိုတင်ပြပြီး ပဲခူးမြို့ ကလိဆေးရုံကို စနစ်တကျလွှဲပြောင်းပို့​ပေးခဲ့တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကတဆင့် ပြန်လာခဲ့​ပြီးနောက် ဘုရားကြီး စခန်း၊ ညောင်လေးပင် စခန်းနဲ့  ပြွန်တန်ဆာ​မြို့ သီတဂူစက္ကုဒါနဆေးရုံ Faciality Quarantine မှာ သူနဲ့ အတူ နေထိုင်ပတ်သက်ခဲ့တဲ့သူအားလုံးကို စုံစမ်း​ပြီး လိုအပ်သလို​ စောင့်​ကြည့်စစ်ဆေးသွားမယ်လို့လည်း  ဒေါက်တာ သောင်းဒန်ဦးက ပြောပါတယ်။ "လောလောဆယ်စာရင်းအရဆိုရင်​တော့ ညောင်လေးပင်​မြို့နယ်ကိုရောက်တဲ့အထိ သူနဲ့ content ဖြစ်ခဲ့သူ ၃၀ ကျော်လောက်တော့ ရှိလိမ့်မယ်။ ဓာတ်ခွဲအတည်​ပြုလူနာအမှတ် ၂၃၃ ဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသား​ဖြစ်​ပြီ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ ၄ ရပ်ကွက် ဆိပ်ပြန်ကြီးကျေးရွာမှာနေထိုင်သူဖြစ်​ကာ ထိုင်းနိုင်ငံကို ရွှေ့​ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ညောင်လေးပင်မြို့နယ်မှာ ​မေလ ၁၅ ရက်ကစပြီး  ထိုင်းနိုင်ငံက ပြန်လာသူ ​ရွှေ့​ပြောင်းလုပ်သား ၂၀၀ ကျော်ရှိပြီ Faciality Quarantine ၁၆ ခုမှာ စောင့်ကြပ်ကြည့်ရှု ထာပါတယ်။ သတင်း - နေလင်းထိုက်
1 year Ago
Up