ထိတ်လန့်ဖွယ် နွားဝှေ့ခံရသည့် အမျိုးသားကို လူအုပ်စုကြီးက ကယ်တင်

May 9, 2017

ထိတ်လန့်ဖွယ် နွားဝှေ့ခံရသည့် အမျိုးသားကို လူအုပ်စုကြီးက ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ အမျိုးသားတဦးဟာ လူသူရှုပ်ထွေးတဲ့ လမ်းမတခုပေါ်မှာ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေတဲ့ နွားဝှေ့ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆူရတ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နွားဟာ အဲဒီအမျိုးသားကို နံရံအနီးမှာ ဝှေ့ပြီး နင်းဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အသက် ၃၈ နှစ်အရွယ် ဒိုင်နက်ပရာဂျာပတိဟာ ဆိုင်ကယ်နဲ့ အဲဒီလမ်းမပေါ် ဖြတ်သန်းချိန်မှာ ဒေါသထွက်နေတဲ့နွားနဲ့ တွေ့ခဲ့ပြီး အခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဘေးက ဝိုင်းကြည့်နေကြတဲ့ လူအုပ်စုကြီးဟာ သူ့ကို ဘယ်လိုကယ်တင်ရမလဲဆိုတာ မသိနိုင်ဘဲ ရှိနေခဲ့ကြတာပါ။ တချို့ကလည်း အပေါ်ထပ်ကနေ ရေနဲ့လောင်းခဲ့ကြပြီး တချို့ကတော့ တုတ်နဲ့ ခြောက်လှန့်ထုတ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အချိန်တော်တော်ကြာအောင် နွားကို မောင်းမထုတ်နိုင်ခဲ့ဘဲ တကြိမ်မှာတော့ လူငယ်တဦးက လမ်းပေါ်မှ သူ့ဆီ အာရုံစိုက်လာအောင် နွားကို အယောင်ပြခဲ့တာကို တွေ့ရပါတယ်။ နွားဟာ အဲဒီလူငယ်ဆီ ပြေးလာခဲ့ချိန်မှာတော့ နံရံအနီး လဲကျနေခဲ့တဲ့ ဒိုင်နက်ပရာဂျာပတိက ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
4 years Ago
Up