ထိတ်လန့်ဖွယ် မီးလောင် (ရုပ်သံ)

June 12, 2017

တရုတ်တွင် အထပ်မြင့်အဆောက်အအုံတလုံး ထိတ်လန့်ဖွယ် မီးလောင် (ရုပ်သံ)

  တရုတ်နိုင်ငံမှာ ဇွန် ၁၁ ရက်နေ့က အထပ်မြင့် အဆောက်အအုံတလုံး ထိတ်လန့်ဖွယ် မီးလောင်ကျွမ်းခဲ့လို့ မီးသတ်ကယ်ဆယ်ရေးသမားတွေက ငြှိမ်းသတ်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂန်ဆုခရိုင်မြို့တော် လန်ကျိုးမြို့မှ အဆောက်အအုံတခုမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ အသေအပျောက် ရှိ၊ မရှိ ဆိုတာတွေကိုတော့ မသိရသေးပါဘူး။ မီးသတ်သမားတွေကတော့ ဒီမီးလောင်ကျွမ်းမှုဟာ အဆောက်အအုံရဲ့ ပြင်ပ ပြင်ဆင်မှုလုပ်ငန်းခွင်ကနေတဆင့် စတင်ခဲ့တာလို့ ဆိုပါတယ်။ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို ၁၃.၅၀ အချိန်မှာမှ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အရှိန်တညီးညီးနဲ့ လောင်ကျွမ်းနေခဲ့တဲ့ မီးတောက်မီးလျှံတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
4 years Ago
Up