ထိတ်လန့်ဖွယ် မိကျောင်းကြီးအနားကပ်ကာ အစာကျွေးခဲ့သည့် အမျိုးသား

May 2, 2017

ထိတ်လန့်ဖွယ် မိကျောင်းကြီးကို ၃၄ နှစ်ကြာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့် အမျိုးသား (ရုပ်သံ)

လူအများစုဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြရမယ်ဆိုရင် ခွေးတွေ၊ ကြောင်တွေကိုပဲ ရွေးချယ်မွေးမြူကြမှာပါပဲ။ ဒါပေမယ့် ဂျပန်နိုင်ငံမှ အမျိုးသားတဦးကတော့ အရှည် ၆ ပေ ၈ လက်မရှိတဲ့ မိကျောင်းတကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ် နိုဘူမစ်ဆု မူရာဘေရာရှီဟာ မိကျောင်းကိုခေါ်ကာ ပုံမှန် လမ်းလျှောက်ထွက်လေ့ရှိပြီး လမ်းမှာ တွေ့မြင်ကြသူတွေက သူတို့ကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်ခံရလေ့ ရှိပါတယ်။ မိကျောင်းကြီးဟာ အလေးချိန် ပေါင် ၁၀၀ လောက် ရှိနေပြီး သူတို့ဟာ ဟီရိုရှီးမားခရိုင်၊ ခူဒဲ့မြို့မှာ အတူတကွ နေထိုင်ခဲ့တာ ၃၄ နှစ်လောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။ မူရာဘေရာရှီဟာ ဒီမိကျောင်းကြီးကို ထူးဆန်းသည့် တိုင်းတပါးတိရိစ္ဆာန်ပွဲတော်တခုကနေ အကောင်ပေါက်အရွယ်ကလေးတည်းက စတင်ဝယ်ယူခဲ့တာဖြစ်ပြီး မြို့တော်အစိုးရ တာဝန်ရှိသူတွေဆီမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခွင့် တောင်းခံခဲ့ရတာပါ။ လက်ရှိမှာတော့ သူတို့ဟာ ချစ်ခင်ရင်းနှီးကြတဲ့ ဖက်လှဲတကင်း ဆက်ဆံရေးမျိုး ရှိနေကြတာဖြစ်ပြီး မိကျောင်းကြီးကို သွားတိုက်ပေးတာတွေ၊ အတူတကွ လမ်းလျှောက်တာတွေ၊ ပြုစုစောင့်ရှောက်ပေးနေပုံတွေဟာ ရုပ်သံသတင်းတွေမှာ ဖော်ပြခံနေရပြီး ကျော်ကြားနေခဲ့ပါတယ်။ တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ အဲဒီမိကျောင်းကြီးရဲ့ ခန့်မှန်းမျှော်မှန်းသက်တမ်းဟာ နောက်ထပ်နှစ်ပေါင်း ၂၀ နဲ့ ၃၀ ကြားဖြစ်မယ်လို့ ဆိုပါတယ်။
4 years Ago

March 30, 2017

ထိတ်လန့်ဖွယ် မိကျောင်းကြီးအနားကပ်ကာ အစာကျွေးခဲ့သည့် အမျိုးသား (ရုပ်သံ)

မိကျောင်းတွေဟာ အန္တရာယ်ရှိတဲ့ ကုန်းနေရေနေသတ္တ၀ါတွေဖြစ်ပြီး အနီးကပ် ရင်ဆိုင်တွေ့ဖို့ဆိုတာ တကယ့်ကို အန္တရာယ်များလွန်းပါတယ်။ ဒါပေမယ့် ဒီအမျိုးသားကတော့ မိကျောင်းတကောင်နားကို နီးနီးကပ်ကပ် ကပ်သွားခဲ့ကာ ငါးတကောင်ကို အစာအဖြစ် ကျွေးခဲ့တာကို တွေ့ရမှာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မိကျောင်းကြီးရှိတဲ့ ရေပြင်စပ်စပ်အနီး အဲဒီအမျိုးသားဟာ ရွှံ့ပြင်ကို ဖြတ်ပြီး လျှောက်လာခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ ငါးတကောင်ကို ကိုင်ထားခဲ့တာဖြစ်ပြီး မိကျောင်းကြီးကို ကမ်းပေါ်တက်လာအောင် မျှားခေါ်ခဲ့တာကို တွေ့ရပါတယ်။ မိကျောင်းကြီးဟာ တဖြည်းဖြည်းနဲ့ ကမ်းပေါ်ကို တက်လာခဲ့တာဟာ အသည်းယားစရာ မြင်ကွင်းပါပဲ။ ဒီနောက် အဲဒီအမျိုးသားဟာ ကမ်းပေါ်တက်လာတဲ့ မိကျောင်းကြီးရဲ့ ပါးစပ်နားကို ငါးနဲ့ မျှားကာ ဆော့ကစားခဲ့တာကို တွေ့ရမှာပါ။ မိကျောင်းကြီးက သူ့လက်ထဲကငါးကို ပါးစပ်နဲ့ ဟပ်မလိုလုပ်လိုက်၊ သူက အပေါ်ကို မြှောက်တင်လိုက်နဲ့ ရှိနေခဲ့ချိန်မှာ ရွှံ့ပြင်ထဲ လဲကျသွားခဲ့ရင်တော့ တကယ့်ကို မတွေးရဲစရာပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိကျောင်းကြီးဟာ သူ့ရဲ့လက်ထဲက ငါးကို ဟပ်လိုက်ချိန်မှာတော့ ငါးဟာ မြေပြင်ဆီ ကျသွားခဲ့တာကို တွေ့ရပါတယ်။ သူက နောက်ထပ်ငါးတကောင်ကို ထုတ်ကာ ဆွဲခေါ်မျှားဖို့ ကြိုးစားခဲ့ပေမယ့် မိကျောင်းကြီးကတော့ မြေပြင်ဆီပြုတ်ကျသွားတဲ့ ငါးကိုသာ ထိုးဟပ်စားခဲ့ကာ ရေထဲကို ပြန်ဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာကို မသိနိုင်ပေမယ့် သူ့ရဲ့ ခုလိုအပြုအမူအတွက် တချို့ကတော့ ဝေဖန်နေကြပြီး တချို့ကတော့ ရဲရင့်မှုတခုအဖြစ် ပြောနေခဲ့ကြပါတယ်။
5 years Ago
Up