ထိခိုက်သေဆုံး

October 27, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီယဉ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က  ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  (KNDF) က ထုတ်ပြန်ထားပါတယ်။

မနေ့ညနေပိုင်းက  ဒီးမာ့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက် စစ်ကြောင်းထိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီးမော့ဆိုမြိုနယ်၊ ထွီလွီးဘီလာကျေးရွာနဲ့ ငွေတောင်ရွာသစ် ကျေးရွာကြား ကရင်နီပူးပေါင်းတပ်တွေက မိုင်ဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း နဲ့ ကရင်နီပူးပေါင်းတပ်ဘက်တော့ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ   ဒီး‌မော့ဆိုသဲတောင်နဲ့ ခြေရာတော်ဘုရား အနီးတဝိုက်မှာ တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့  လူနေရပ်ကွက်တွေဆီ ပစ်ခတ်ခဲ့သလို ဒီတိုက်ပွဲဖြစ်ပွားရာ ဒီး‌မော့ဆိုမြို့ကောင်းကင်ယံမှာ   စစ်လေယာဉ်တွေပျံဝဲခဲ့တယ်လို့လည်း  KNDF တပ်က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့မှာ စစ်ဆင်‌ရေး တွေ အပြင်းအထန် ပြုလုပ်နေပြီး  အခုရက်ပိုင်း မိုးဗြဲနဲ့ ဒီးမော့ဆိုတို့မှာ  တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း  ဖရူဆုမို့နယ် ထားလဲကျေးရွာ၊ ဘောလခဲမြို့နယ် နန်းမဲကျေးရွာနဲ့ ကျိုးပင်ကုန်းကျေးရွာတွေမှာ  စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄  ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က  ၂၆ ဦးသေဆုံး၊ စစ်ကား ၃ စီး ပျက်စီးခဲ့ပါတယ်။ 

1 year Ago

December 2, 2019

အမေရိကန်နိုင်ငံ ပြည်နယ် ၂ ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူများ ထိခိုက်သေဆုံး 

အမေရိကန်ပြည်ထောင်စု  ပြည်နယ်နှစ်ခုမှာ ဒီဇင်ဘာ ၁ ရက်က ပစ်ခတ်မှုတွေကြောင့် လူအတော်များများ ထိခိုက်သေဆုံးပါတယ်။ နိုင်ငံမြောက်ပိုင်း မင်နီဆိုးတားပြည်နယ် မီနီယာပိုလစ်မြို့မှာ သေနတ်သမား တယောက်က နှင်းထဲမှာ ကစားနေတဲ့ ယောက်ျားလေး ၂ ယောက်ကို အသေပစ်သတ်အပြီး အိမ်ထဲမှာ ဓားစာခံ ဖမ်းဆီး ပစ်ခတ်လို့ မိဘ ၂ ဦး အပါအဝင် စုစုပေါင်း လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ရဲတွေက သံသယရှိသူနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေချိန်မှာ အိမ်နီးချင်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတာပါ။ ဒီဖြစ်ရပ်ဟာ အိမ်တွင်းရေး ဖြစ်ရပ်လို့ ရဲတွေက ပြောပါတယ်။ လူဝီစီယားနားပြည်နယ် နယူးအော်လင်းမြို့က ပြင်သစ် ရပ်ကွက်မှာလည်း ဒီဇင်ဘာ ၁ ရက် မနက်က ပစ်ခတ်မှုကြောင့် လူ ၁၁ ယောက် သေနတ်ထိမှန်ပြီး ၂ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ရဲတွေကို ကိုးကားပြီး ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။  ပစ်ခတ်သူလို့ သံသယရှိသူကို ဖမ်းထားပြီလို့လည်း သူတို့က ပြောပါတယ်။ ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသလို သေနတ်သမားက တယောက်တည်းလား၊ လူအများလား ဆိုတာလည်း မသိရသေးပါဘူး။ ဈေးဆိုင်တွေ ဟိုတယ်တွေနဲ့ စည်ကားရာ လမ်းထဲမှာ ဒေသစံတော်ချိန် မနက် ၃ နာရီခွဲမှာ ပစ်ခတ်မှု ဖြစ်ဖြစ်ချင်း ရဲတွေ အမြန်ရောက်လာခဲ့ပါတယ်။ နှစ်စဉ် ကျင်းပနေကျ ကောလိပ်အဆင့် ဘောလုံးပွဲ ရှိနေလို့ အနားဝန်းကျင်မှာ လုံခြုံရေး တိုးမြှင့်ထားတဲ့ကြားက ခုလိုဖြစ်တာလို့ ရဲက ပြောပါတယ်။ ဒဏ်ရာရသူ အားလုံးကို ဒေသန္တရ ဆေးရုံဆီ တင်ပို့ထားပါတယ်။
3 years Ago
Up