ထားဝယ်မြို့နယ်ဥက္ကဋ္

September 11, 2021

ကေအန်ယူ ထားဝယ်မြို့နယ်ဥက္ကဋ္ဌကို စစ်ကောင်စီဖမ်းဆီး

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ မြိတ်ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆီးကို  စစ်ကောင်စီတပ်က စက်တင်ဘ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ကေအန်ယူ မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။ 

ထားဝယ်ခရိုင်မြိုနယ် ဥက္ကဋ္ဌ ပဒိုစောဆီးဟာ ထားဝယ်ခီးဒေသကနေ သူ့ရဲ့မြို့နယ်ဆအပြန် ပကာရီ ကျေးရွာမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

သူ့ကားမှာ လက်နက် ၃ လှည့်ပါတယ်လို့ဆိုကာ အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ်လက်အောက်ခံ ခမရ ၄၀၂ က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ သူ့ကို ထားဝယ်မှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပြီး သူပြန်လည်လွတ်မြောက်လာဖို့ ကေအန်ယူခေါင်းဆောင်တွေက ဆက်သွယ်ညှိနှိုင်းနေဆဲဖြစ်တယ်လို့လည်း ပဒိုစောအယ်နာက ပြောပါတယ်။ 

2 years Ago
Up