ထားဝယ်ပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်

A d v e r t i s e m e n t With Us

January 14, 2020

ထားဝယ်ပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်

အခြေခံပညာကျောင်းတွေမှာ အတန်းငယ်တွေကို ၁၀ တန်းစာမေးပွဲပြီးမှ ဖြေဆိုခိုင်းမယ့် ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၁၃ ရက်က ထားဝယ်ပညာရေးကောလိပ် ကျောင်းသား ကျောင်းသူတွေ စုပေါင်းပြုလုပ်ခဲ့ပါတယ်။ “အတန်းငယ်များအား မတ်လ နောက်ဆုံးပတ်တွင် စာမေးပွဲ စစ်ဆေးခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်”လို့ ရေးထားတဲ့ စတေကာပြားနဲ့ ဖဲကြိုးစိမ်းကို ကျောင်းသား ကျောင်းသူတွေက ရင်ဘတ်မှာတပ်ပြီး ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ထား၀ယ်ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလွင်ဦးက “  ဆယ်တန်းစာမေးပွဲတွေ ဖြေပြီးမှ ကျန်တဲ့အတန်းတွေ ဖြေရမယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ”လို့ ပြောပါတယ်။ အတန်းငယ်တွေ မတ်လမှ စာမေးပွဲဖြေဆိုမယ်ဆိုရင် နွေရာသီမှာ ဆရာ/ဆရာမတွေ သင်တန်းပို့ချဖို့ခေါ်တာရှိလို့ ဆရာ/ဆရာမတွေ အားလပ်ချိန်မရှိ၊ နားရက်မရှိဘဲ ဖြစ်နေသလို ကျောင်းသူ/သားတွေလည်း နားယူချိန် နည်းသွားမယ်လို့လည်း ပြောပါတယ်။ အတန်းငယ်တွေကို အချိန်နောက်ဆုတ်ပြီး စာမေးပွဲဖြေဆိုလိုက်တာကြောင့် မြန်မာ့ ပညာရေးလောက တိုးတက်မလားလို့  မူလတန်းပြဆရာဦးဝေယံစိုး က မေးခွန်းထုတ်ပါတယ်။ ထားဝယ် ပညာရေးကောလိပ်မှာ ပထမနှစ်နဲ့ ဒုတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၄၇၄ ဦး ပညာသင်ကြားနေပါတယ်။ သတင်း- တင့်လွင်
1 year Ago
Up