ထားဝယ်ပင်မသပိတ်

May 17, 2021

ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်တိုက်ဖြိုခွဲ၊ ပြည်သူ ၇ ဦးခန့် ဖမ်းဆီးခံရ

ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို မေလ ၁၇ ရက် ဒီမနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ကားနဲ့တိုက် ဖြိုခွဲခဲ့ပြီး  အဖမ်းခံရသူတွေ ၇ ယောက်ထက်မနည်းရှိခဲ့တယ်လို့  ထားဝယ်ခရို င်သပိတ်ကော်မတီက နေသိရပါတယ်။

လက်ရှိ ဖမ်းဆီးရသူတွေကတော့  မောင်တိုးတက်မောင်၊ မောင်စိုင်းထက်၊ မောင်ညီညီစိုး၊ မစုမြတ်လင်း၊ မခင်သီတာ၊ မောင်မျိုးမင်းထက်နဲ့ မအိအိတို့ ဖြစ်ပါတယ်။ မောင်မျိုးမင်းထက်နဲ့ မအိအိက အိမ်ထဲအထိ လိုက်အဖမ်း ခံရတာဖြစ်ပြီး ကျန်းမာရေးမကောင်းဘူးလို့သိရပါတယ်။

အဆိုပါ ၇ ယောက်အပြင် နောက်ထပ် အဖမ်းခံရသူတွေရှိနိုင်သေးတာကြောင့် ဆက်လက်စုံစမ်းနေတုန်းပဲလို့ သပိတ်ကော်မတီက ပြောပါတယ်။

ထားဝယ်မြို့ အခြေခံပညာကျောင်းသားများသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက  "သေနတ်သုံးချက်ဖောက်တယ်။ တစ်ယောက်က ရာဘာကျည်ထိသွားတယ်။ စိုင်းထက်က စက်မှုလက်မှုအထက်တန်းကျောင်းက အသက် ၁၅ နှစ် ကျောင်းသားဖြစ်တယ်။ ကားနဲ့တိုက်ဖမ်းပြီး မိတဲ့သူတွေကို အနားအိမ်တွေလိုက်ပြခိုင်းပြီး ပုန်းနေတဲ့သူတွေကိုပါ ဝင်ဖမ်းသွားတာ”လို့ ပြောပါတယ်။

လက်ရှိမှာ အဖမ်းခံရသူတွေ အတွက် လိုအပ်တာ ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေပြီး မိမိ အသိမိတ်ဆွေထဲက အဖမ်းခံလိုက်ရသူရှိခဲ့ရင် ဆက်သွယ်ပေးဖို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက အသိပေးပြောကြားထားပါတယ်။

7 months Ago
Up