ထရီဆာမေ

June 12, 2019

ခေတ်သစ်ကျေးကျွန်ပြုမှုကို အရှိန်မြှင့် ကိုင်တွယ်ကြရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ခေတ်သစ်ကျေးကျွန်ပြုတာကို အရှိန်မြှင့် ကိုင်တွယ်ကြဖို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဇွန်လ ၁၁ ရက်နေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ တကမ္ဘာလုံးမှာ ကျေးကျွန်ပြုခံနေရသူတွေ အယောက် သန်း ၄၀ ကျော်ရှိပြီး ဒီစနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့ အားလုံးမှာ ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိတယ်လို့ မေက ပြောပါတယ်။ ၂၀၃၀ မှာ ခေတ်သစ်ကျေးကျွန်ပြုတဲ့စနစ် အဆုံးသတ်ရေး ကုလသမဂ္ဂရဲ့ ရည်မှန်းချက် ပြည့်မီအောင် လုပ်ရမယ်ဆိုရင် အပြောနဲ့အလုပ်ညီဖို့ လိုတယ်လို့လည်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ညီလာခံမှာ မေက ဆက်ပြောပါတယ်။ အာဖရိကဒေသက စိုက်ပျိုးရေးကဏ္ဍမှာ ကလေးငယ်တွေ ခေါင်းပုံဖြတ်ခံနေရတာ အဆုံးသတ်ရေး ဗြိတိန်က ပေါင် ၁၀ သန်း လှူဒါန်းသွားဖို့ ကတိပြုခဲ့ပြီး ဗြိတိန်ရဲ့ ကျေးကျွန်ဆန့်ကျင်ရေး လုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ နိုင်ငံတကာ သံအမတ်သစ် ခန့်အပ်မယ်လို့ မေက ကြေညာခဲ့ပါတယ်။
3 years Ago

May 24, 2019

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးက နုတ်ထွက်မည်ဟု ကြေညာ

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ မေလ ၂၄ ရက်နေ့က  ကြေညာလိုက်ပါတယ်။ တချိန်က အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်တာကို မထောက်ခံတဲ့ မေဟာ ဗြိတိန်ကို အီးယူကနေ ခွဲထွက်ရေး ဦးဆောင်ခဲ့ပြီး ကွဲပြားမှုတွေကို ကုစားမယ်ဆိုတဲ့ ကတိကဝတ်တွေ မဖြည့်ဆည်းနိုင်ဘဲ ရာထူးက ဆင်းပေးခဲ့တာပါ။ ဝန်ကြီးချုပ် မေဟာ ပါလီမန်အတွင်း ဘရက်ဇစ် သဘောတူညီချက်ရရေး ကြိုးပမ်းရာမှာ သဘောတူညီချက် မရတာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတာပါ။ မေရာထူးက နုတ်ထွက်တာဟာ ဘရဲဆစ် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမှာပဲ ဖြစ်ပါတယ်။ ရာထူးက နုတ်ထွက်တော့မယ်ဆိုတဲ့ ကြေညာချက်မှာ “ကျမ ချစ်မြတ်နိုးတဲ့နိုင်ငံကို အလုပ်အကျွေးပြုခွင့် ရခဲ့ပါတယ်” ဆိုတဲ့ နောက်ဆုံးစာကြောင်းကို ဝန်ကြီးချုပ် မေက ဆိုနင့်ကြေကွဲစွာ ပြောကြားခဲ့ပါတယ်။ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ကွန်ဆာဗေးတစ်ခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ကြေညာခဲ့ပါတယ်။
3 years Ago
More News
Up