ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို အကောင်းဆုံး ကုသပေးနေပြီး နေအမြန်ပြန်ကောင်းလာစေဖို့ ဆန္ဒပြုတယ်လို့ ဝန်ကြီးချုပ်ဟောင်း ထရီဆာမေက ဧပြီ ၇ ရက်မှာ ပြောပါတယ်။
ဂျွန်ဆင်ကို ကုသပေးနေတဲ့ NHS ကျန်းမာရေးဝန်ထမ်းတွေနဲ့ COVID-19 လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း အားလုံးကိုလည်း ထရီဆာမေက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဂျွန်ဆင်မှာ ၁၀ ရက်ကျော် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေဖြစ်ပေါ် ခဲ့ပြီးနောက် ဧပြီ ၅ ရက်နေ့က စိန့်သောမတ်စ်ဆေးရုံဆီ ပို့ခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၆ ရက်နေ့မှာပဲ ဝန်ကြီးချုပ်ရဲ့လက္ခဏာတွေ ပိုဆိုးရွားလာတာကြောင့် အထူးကြပ်မတ်ကုသဆောင်ဆီ ပို့ဆောင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သတင်းဟာ ဗြိတိန်အစိုးရကို တုန်လှုပ်သွားစေခဲ့ပါတယ်။ လက်ရှိ ဗြိတိန်မှာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆,၀၀၀ ကျော်သွားပြီလို့ ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago