ထရာအိုရေး

October 26, 2020

ပြိုင်ဘက်ခံစစ်မှူးများ မတားဆီးနိုင်ရန် ကလေးသုံးအဆီရည် လိမ်းခြင်းဖြစ်ဟု ထရာအိုရေး ထုတ်ဖော်

ဝုဗ်အသင်းရဲ့ တိုက်စစ်မှူး အဒမ်မာ ထရာအိုရေးဟာ ပွဲမစခင်အချိန်တွေမှာ ကလေးတွေမှာ သုံးတဲ့ အဆီတစ်မျိုး (baby oil) ကို သူ့ကိုယ်မှာ လိမ်းတတ်တဲ့ ထူးထူးဆန်းဆန်း အပြုအမူအတွက် နာမည်ကြီးပါတယ်။ အခုချိန်မှာတော့ တိုက်စစ်မှူးက သူ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပြီး ပြိုင်ဘက်ခံစစ်မှူးတွေ သူ့ကို တားဆီးလို့မရအောင် လုပ်တာလို့ ပြောပါတယ်။ တောင်ပံကစားသမားဟာ ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ပရီးမီယားလိဂ်ရဲ့ ကြံ့ခိုင်မှုအသားပေး ကစားဟန်နဲ့ အဆင်ပြေဖို့ အစပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ စပိန်လက်ရွေးစင်ကစားသမားဟာ ကြံ့ခိုင်လွန်း၊ မြန်ဆန်လွန်းတာကြောင့် နာမည်ကြီးလာခဲ့ပြီး ပြိုင်ဘက်ခံစစ်မှူးတွေဟာ သူ့ကို တားဆီးဖို့ တော်တော်လေး ခက်ခဲလာတာကိုလည်း တွေ့ လာရပါပြီ။ ဒီလို ပြောင်းလဲလာမှုဟာ ဝုဗ်အသင်းက ဆရာဝန်တစ်ဦးရဲ့ အကြံပြုချက်ဟာလည်း အရေးပါခဲ့ပါတယ်။ ဆရာဝန်က ထရာအိုရေးကို ကလေးသုံးဆီကို ခန္ဓာကိုယ်မှာလိမ်းဖို့ အကြံပေးခဲ့တာဖြစ်ပြီး ဒီနည်းက သူ့အတွက် အလုပ်ဖြစ်ခဲ့ကာ စပိန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ၄ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။  “ဒီက ဝန်ထမ်းတွေက တကယ်ကို အကြံကောင်းရှိခဲ့ပါတယ်။ သူတို့က ကျနော့်မှာ ပခုံးနဲ့ပတ်သက်လို့ ပြဿနာရှိနေတာကို သတိထားမိခဲ့ပါတယ်။ ပြိုင်ဘက်ခံစစ်မှူးတွေက ကျနော့်ကို တားဆီးဖို့အတွက် လက်တွေ၊ ပခုံးတွေကို ဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်ကိုယ်မှာ ဆီတွေသုတ်ထားတော့ သူတို့ ဆွဲလို့မရတော့ပါဘူ။ ကျနော်က အရှိန်ပါ ပါတော့ ပိုဆိုတာပေါ့။ ဆီသုတ်ပြီး ကစားတဲ့ ပထမဆုံးပွဲတုန်းကဆို တော်တော်လည်း ရယ်ရပါတယ်။ ပြိုင်ဘက် ကစားသမား တော်တော်များများက ကျနော့်ကိုလိုက်ဆွဲဖို့ ကြိုးစားခဲ့ပေမယ့် ကျနော့်ကို မိခဲပါတယ်။ အဲဒီတော့သူတို့က မင်း ဘာတွေလုပ်ထားတာလဲလို့ ကျနော့်ကို မေးခဲ့ပြီး ကျနော်ကတော့ မသိဘူးလို့လည်း ပြန်ဖြေခဲ့ပါတယ်။ အခုဆိုရင် လူတိုင်းက ကျနော့်လျှို့ဝှက်ချက်ကို သတိပြုမိကုန်ပါပြီ။ ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး။ ကျနော့်လက်မောင်းမှာ ဆီသုတ်ထားရင် ကျနော်ဟာ လွယ်လွယ်ကူကူပဲ ချောထွက်သွားနိုင်ပါတယ်” ထရာအိုရေးက ပြောပါတယ်။ သူ့ကို ပြေးအားတစ်ခု ပဲရှိတယ်လို့ ဝေဖန်မှုတွေကိုလည်း ဘယ်လိုမှ စိတ်ထဲမထားကြောင်း ထရာအိုရေးက ပြန်လည်ပြောဆိုခဲ့ပြီး သူ့မှာရှိတဲ့ အရည်အသွေးတွေကို သိရှိထားတယ်လို့လည်း တုံ့ပြန်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဝုဗ်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ အသင်းအတွက် ဂိုးတွေ ဖန်တီး၊ သွင်းယူထားခြင်း မရှိသေးပါဘူး။
6 months Ago

January 22, 2020

လိုင်ယွန်က ထရာအိုရေးကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက် ကြိုးပမ်း

လိုင်ယွန်ကစားသမား ဘာထရန်ထရာအိုရေးကို ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းက ပေါင် ၃၅ သန်းနဲ့ အပြောင်းအရွှေ့ကာလ မပိတ်မီ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ လိုင်ယွန်ဘက်ကလည်း အဆိုပါတိုက်စစ်မှူးကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေသလို အကယ်၍ ဗီလာရီးရဲလ်အသင်းက ကားလ်တိုကို အီကမ်ဘီကိုသာ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ထရာအိုရေးကို ကျိန်းသေပေါက် ပရီးမီးယားလိဂ်ကလပ်ကို ရောင်းချဖွယ်ရှိနေပါတယ်။  အဆိုပါပြင်သစ်တိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးအသင်းကနေပေါင် ၈ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။  ထရာအိုရေးဟာ ပွဲပေါင်း ၉၀ ကစားထားအပြီးမှာ ၂၉ ဂိုး သွင်းယူပေးထားနိုင်တဲ့အတွက် သူ့ရဲ့အပြောင်းအရွှေ့ဟာ ပေါင်သန်း ၄၀ နီးပါးအထိ မြင့်တက်သွားခဲ့ပါတယ်။
1 year Ago
Up