ထရမ့် ရှုတ်ချ

January 8, 2017

အမေရိကန်-ရုရှား ဆက်ဆံရေးကောင်းမွန်မှုအပေါ် ကန့်ကွက်သူများအား ထရမ့် ရှုတ်ချ

အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ ရုရှားတို့ ဆက်ဆံရေးကောင်းမွန်တာဟာ ကောင်းတဲ့ ကိစ္စဖြစ်ပြီး အဲဒါကို ဆန့်ကျင်ကန့်ကွက်သူတွေဟာ လူဖျင်းလူညံ့တွေဖြစ်တယ်လို့ စနေနေ့က သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး ပြဿနာအများအပြားကို ဖြေရှင်းမှာဖြစ်ပြီး ကမ္ဘာ့ပြဿနာတွေလည်းဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ အမေရိကန်သမတရွေးကောက်ပွဲမှာ သူအနိုင်ရအောင် ရုရှားသမ္မတပူတင်က ကူညီခဲ့တယ်ဆိုပြီး အမေရိကန်ထောက်လှမ်းရေးဌာန အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီး ဒေါ်နယ်ထရမ့်က အခုလိုပြောဆိုတာပါ။ ဒီမိုကရက်တစ်ပါတီရဲ့ အင်တာနက်ဆာဗာ အဖောက်ခံရတယ်ဆိုတာ ဒီမိုကရက်တစ်တွေ ညံ့လို့အဖောက်ခံရတာဖြစ်ပြီး အဲဒီကိစ္စ သူတို့ကိုပဲ အပြစ်တင်ရမှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ရေးသားပါတယ်။ လူဖျင်းလူညံ့တွေပဲ ရုရှားနဲ့ ဆက်ဆံရေးကောင်းတာကို မကောင်းဘူးလို့ထင်မြင်တယ်။ သူ သမ္မတဖြစ်လာမှ အမေရိကန်ပြည်ထောင်စုလည်း ရှရှားနိုင်ငံရဲ့ လေးစားမှုကို ပြန်လည်ရရှိမယ်လို့လည်း စနေနေ့က သူရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။
5 years Ago
Up