ထရမ့် အောင်မြင်ရန် အဆောင်လက်ဖွဲ့ပေးခဲ့ဟု လက်စတာ ဘုန်းကြီး မိန့်ကြား

A d v e r t i s e m e n t With Us

November 13, 2016

ထရမ့် အောင်မြင်ရန် လက်စတာ ဘုန်းကြီး အဆောင်လက်ဖွဲ့ပေးခဲ့ဟုဆို

အမေရိသမ္မတရွေးပွဲကာလအတွင်း ဒေါ်နယ်လ်ထရမ့် အနိုင်ရဖို့ လက်စတာ ဘုန်းကြီး ဖရာပရွမ်မန်ကလချန်က အဆောင်လက်ဖွဲ့ ပေးခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝက်တရိုင်မစ်ဝစ်သာရာရမ် ကျောင်းထိုင်ဘုန်းကြီးရဲ့ လက်ထောက်ဖြစ်သူ ချာအိုခွန်သောင်ချိုင်လို့ လူသိများတဲ့ ဘုန်းကြီးက ဘန်ကောက်မြို့မှာ အမျိုးသမီးအဝတ်အထည်ဆိုင်ဖွင့်ထားတဲ့ သာသနီစီရီယမ်လို့ခေါ်တဲ့ ဒကာမကတစ်ဆင့် မစ္စတာ ထရမ့်ကို အဆောင်လက်ဖွဲ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။ မစ္စစ်သာနီဟာ အီကွေဒေါနိုင်ငံမှာ ကျင်းပတဲ့ ၂၀၀၄ ခုနှစ် မယ်စကြာဝဠာပွဲမှာ ထရမ့်နဲ့ တွေ့ဆုံသိရှိခဲ့တာဖြစ်ပြီး ဘုန်းကြီးအနေနဲ့ မစ္စတာထရမ့်ကို ဆုမွန်ကောင်းတောင်းပေးစေချင်ကြောင်း မစ္စစ်သာနီက ပြောခဲ့ပါတယ်။ ဘုန်းကြီးက ဒီအဆောင်လက်ဖွဲ့ ခရမ်းရောင်အဝတ်စပေါ်မှာ အင်္ဂလိပ်စာလုံးနဲ့ “သမ္မတ ယူအက်စ်အေ ထရမ့် ကံကောင်းပါစေ၊ နိုင်ပြီ နိုင်ပြီ နိုင်ပြီ” စတာတွေကို ရေးခဲ့ပြီး သမ္မတရွေးပွဲမတိုင်ခင် သြဂုတ် ၂၉ ရက်နေ့ကတည်းက ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘုန်းတော်ကြီးက အမေရိကန်နိုင်ငံရဲ့ သမ္မတအသစ်အနေနဲ့ မစ္စတာထရမ့်လို့ပဲ သူခံစားမိကြောင်း၊ ဒါပေမယ့် လူတွေက ကိုယ့်ရဲ့ဘဝကို သတိနဲ့ဖြတ်သန်းရမှာမို့ အယူသည်းမှုတွေကို အလွန်အကျွံ မဖက်တွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဘုန်းတော်ကြီး ချာအိုခွန်သောင်ချိုင်က ထိုင်းနိုင်ငံသားပိုင် လက်စတာမြို့ဘောလုံးအသင်းကို  ၂၀၁၆ ခုနှစ်မှာ အင်္ဂလိပ်ပရီမီးယာလိဂ်ဖလားကို အနိုင်ရမယ်လို့ ဆုတောင်းဟောကြားခဲ့လို့ လက်စတာ ဘုန်းကြီးလို့ ကမ္ဘာကျော်လူသိများခဲ့တာပါ။ ဘောလုံးပွဲကာလ အစောပိုင်းမှာ ဘုန်းကြီးက လက်စတာဘောလုံးအသင်းသားတွေကို စာရေးသားထားတဲ့ အဆောင်လက်ဖွဲ့တွေပေးပြီး ဆုတောင်းပေးခဲ့တာပါ။ ထိုင်းလူမျိုးအများစုက ဘုန်းကြီးရဲ့ ဆုတောင်းနဲ့ အဆောင်လက်ဖွဲ့တွေကြောင့် လက်စတာဘောလုံးအသင်းက အနိုင်ရခဲ့တာလို့ ယူဆကြပေမယ့် သူရဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုဟာ အသင်းအနိုင်ရဖို့အတွက် တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်၊ အမှန်ကတော့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တွေကြောင့်သာ အသင်းက အနိုင်ရခဲ့တာလို့ ဘုန်းကြီးက မိန့်ပါတယ်။
4 years Ago
Up