ထရမ့် တိုက်တွန်း

March 29, 2017

ကျန်းမာရေးအစီအစဉ်သစ်အပေါ် အမြန်ဆုံးညှိနှိုင်းရန် သမ္မတ ထရမ့် တိုက်တွန်း

အိုဘားမားကဲ (Obamacare) ကျန်းမာရေးအစီအစဉ်ကို အစားထိုးမယ့် သမ္မတ ထရမ့်ရဲ့ ကျန်းမာရေး အစီအစဉ်သစ်အပေါ် အမြန်ဆုံး ပြေလည်အောင် စေ့စပ်ညှိနှိုင်းကြဖို့ သမ္မတ ထရမ့်က အထက်လွှတ်တော်အမတ်တွေကို မတ် ၂၈ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ အဲဒီကျန်းမာရေးအစီအစဉ်သစ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က အောက်လွှတ်တော်မှာ မဲခွဲခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ထရမ့်က "နိုင်ငံရေးဟာ သိပ်ပြီး နှစ်သက်စရာကောင်းတယ်လို့ ဘယ်သူကမှ ကျနော့်ကို ကြိုမပြောပြခဲ့ဘူး" လို့ အပြုသဘောဆောင် ပြောကြားခဲ့ပါတယ်။ ဒီနောက် ဆက်ပြီး "ကျန်းမာရေးအစီအစဉ်သစ်နဲ့ ပတ်သက်ပြီး ကျနော်တို့အားလုံး သဘောတူအောင် လုပ်နိုင်လိမ့်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒါက သိပ်ကိုလွယ်တဲ့ကိစ္စပါ။ ဒီကိစ္စ မြန်မြန်ဆန်ဆန် ပြီးဆုံးမယ်ဆိုတာ ကျနော် သံသယမရှိပါဘူး။ နောက်ဆုံးတော့ ဒီကိစ္စ ဖြစ်ကိုဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကန်တွေရော ကျနော်တို့အားလုံးက အမေရိကန်ပြည်သူတွေကို ကတိတွေ ပေးထားပြီးပါပြီ။ ဒါကြောင့် ကောင်းမွန်တဲ့ကိစ္စ အတော်အများများ ဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်" လို့ သမ္မတ ထရမ့်က ပြောကြားသွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up