ထရမ့်၏ ရှေ့နေအမှု

May 31, 2018

ထရမ့်၏ ရှေ့နေအမှု အပြာရုပ်ရှင်မင်းသမီး တရားရုံးတွင် လာရောက်ထွက်ဆိုမည်

အပြာရုပ်ရှင်မင်းသမီး စတော်မီဒန်နီယယ်ဟာ သမ္မတ ထရမ့်ရဲ့ရှေ့နေ မိုက်ကယ်ကိုဟင် အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ လာရောက်ထွက်ဆိုမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ကိုဟင်ရဲ့နေအိမ်နဲ့ ရုံးခန်းကို ရဲက ၀င်ရောက်စီးနင်းရာမှာ ရရှိခဲ့တဲ့ အသံတိတ်ခွေတွေဟာ သတင်းဌာနတွေကို ပေါက်ကြားခဲ့ပါတယ်။ ဒီအတွက် ခရိုင်တရားသူကြီးက သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေနဲ့ ပတ်သက်လို့ ထွက်ဆိုချက်ကြားနာမှာဖြစ်ပါတယ်။ ကိုဟင်ဟာ သမ္မတထရမ့်ရဲ့ ရှေ့နေအဖြစ် အလုပ်လုပ်ပေးနေတာ ဆယ်စုနှစ် တခုကျော်ပြီ ဖြစ်ပါတယ်။ ထရမ့်နဲ့ ဒန်နီယယ်တို့ရဲ့ ပတ်သက်မှုကို ဆိတ်ဆိတ်နေပေးဖို့အတွက် ကိုဟင်ဟာ ၂၀၁၆ ခုနှစ်က ဒန်နီယယ်ကို နှုတ်ပိတ်ခအနေနဲ့ ဒေါ်လာ ၁၃၀, ၀၀၀ ပေးခဲ့ပါတယ်။
3 years Ago
Up