ထရမ့်၊ မွန်ဂျေအင်းနှင့်

February 3, 2018

ထရမ့်၊ မွန်ဂျေအင်းနှင့် ရှင်ဇိုအာဘေးတို့ တယ်လီဖုန်းဖြင့် ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့နဲ့ မနေ့က တယ်လီဖုန်းကနေ စကားပြောခဲ့ပါတယ်။ ဆောင်းရာသီ အိုလံပစ်ပွဲမတိုင်ခင် လုံခြုံရေး အစီအမံတွေနဲ့ မြောက်ကိုရီးယားအရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အားထုတ်နေကြတာလည်း ဖြစ်ပါတယ်။ ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ဟာ ဂျပန် ကာကွယ်ရေးတိုးမြှင့်ဖို့ တခြား လုပ်ဆောင်ချက်တွေနဲ့ ဒုံးကျည် ကာကွယ်ရေးစနစ် တိုးချဲ့ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်နဲ့ ဖုန်းပြောမှုအတွင်း မြောက်ကိုရီးယားနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေနဲ့ အိုလံပစ်ပွဲတော်အကြောင်း အဓိကထား ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်က ဆိုပါတယ်။
4 years Ago
Up