ထရမ့်လက်ထက်

A d v e r t i s e m e n t With Us

January 22, 2017

ထရမ့်လက်ထက် နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာမည်ဟု မျှော်လင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်-ဗြိတိန် ဆက်ဆံရေး ကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆန်က ဇန်န၀ါရီလ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို အလည်အပတ်ရောက်ရှိစဉ် ဗြိတိန်-အမေရိကန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ “ဆက်ဆံရေးအသစ်နဲ့ ပတ်သက်ရင် ဗြိတိန်ကို ရှေ့တန်းနေရာမှာ ထားမယ်လို့ သမ္မတသစ်-ထရမ့်က ပြောခဲ့ပါတယ်။ ဒါကအတော့်ကို စိတ်လှုပ်ရှား စရာကောင်းပြီး အရေးကြီးပါတယ်။ သူဒါကို အမြန်ဆုံးလုပ်ပါလိမ့်မယ်။ တကယ့်ကို မြန်မြန်ဆန်ဆန်လုပ်မယ်လို့ ကျနော် အရမ်းကိုပဲ အကောင်းမြင်မိပါတယ်။ ဗြိတိန်နိုင်ငံ EU က ထွက်ပြီး သိပ်မကြာခင်မှာဘဲ ဒါအရမ်းကိုကောင်းတယ်လို့ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ ဆက်ဆံရေးကောင်းဖို့အတွက် ဗြိတိန်ဘက်ကလည်း ကြိုးစားရမှာဖြစ်ပါတယ်။ အကြောင်းအရာတိုင်းက အကောင်းမြင်စရာတွေချည်းဖြစ်ပါတယ် ”လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်-ဂျွန်ဆန်က ပြောကြားသွားပါတယ်။
4 years Ago
Up