ဒေါ်နယ်လ်ထရမ့်က လက်ထပ်ထားလျက်နဲ့ သူ့ရဲ့ဟိုတယ်ခန်းကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဟန်ဂေရီမော်ဒယ်တဦးဖြစ်တဲ့ ကာတာဆာကာက ပြောကြားလိုက်ပါတယ်။
“သူက သူရဲ့လုပ်ငန်းလိပ်စာကတ်နဲ့ ဖုန်းနံပါတ် ကျမကို ပေးခဲ့တယ်။ ပြီးတော့ ဘယ်ဟိုတယ်၊ ဘယ်အခန်းမှာ သူနေကြောင်းကိုလည်း ကျမကို ပြောတယ်။ သူ့အမည်က ဒေါ်နယ်လ်ထရမ့်လို့ ခေါ်တယ်။ အဲဒီ လိပ်စာကတ်တောင် ကျမမှာ အခုထိ ရှိသေးတယ်”လို့ မော်ဒယ်လ်ကာတာဆာကာ ဇန်နဝါရီ ၁၄ ရက်နေ့ညမှာ ပြောတယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် မော်စကိုမှာ ကျင်းပခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲအပြီးမှာ ထရမ့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့ ကာတာဆာကာက ပြောခဲ့တာပါ။
ရုရှားပါတီပွဲအပြီးမှာ အခုအမေရိကန် ရွေးကောက်ခံသမ္မတက သူမကို ချည်းကပ်ခဲ့တာလို့ မစ္စဆာကာ (အသက် ၃၀) က ဆိုပါတယ်။
“သူက ကျမလက်ကို ဆွဲတယ်၊ ပြီးတော့ ကျမကိုယ်လုံးကို သူ့ဖက်ကို ဆွဲလိုက်ပြီး ‘မင်းဘယ်သူလဲ’ မေးတယ် ကျမ အရမ်းအံ့သြပြီး ‘ဟန်ဂေရီ’ဆိုတဲ့ တလုံးက လွဲရင် ဘာစကားမှတောင် ကျမ မပြောလိုက်နိုင်ဘူး” လို့ ဟန်ဂေရီမယ်ဟောင်းက ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အနည်းဆုံး အမျိုးသမီး ၁၀ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ပြီး၊ အရင်က အလှမယ်ပြိုင်ပွဲဝင်တွေကို အတူအိပ်ဖို့လည်း ပြောခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
6 years Ago