ထရမ့်ကို

September 19, 2019

ထရမ့်ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ  စက်တင်ဘာ ၁၇ ရက်က နိုင်ငံတော်အလံ မီးရှို့ဖျက်ဆီး ခံရပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေအကြား ထိပ်တိုက်တွေ့ဆုံရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဘယ်လ်ဗယ်လီဟေးမြို့မှာ သမ္မတထရန့်က ရန်ပုံငွေ မြှင့်တင်ရေး အခမ်းအနားတခု တက်ရောက်နေချိန် အပြင်ဘက်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ကြတာပါ။ ထောက်ခံသူနဲ့ ဆန့်ကျင်သူ နှစ်ဖွဲ့စလုံးက ဆောင်ပုဒ်တွေအပြိုင် ကြွေးကြော်ပြီး ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖြန်ဖြေခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူ နှစ်ယောက်ကို လက်ထိပ်ခတ်ဖမ်းနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သမ္မတထရမ့်ဟာ အင်္ဂါနေ့က ရန်ပုံငွေမြှင့်တင်ပွဲ အခမ်းအနားနှစ်ခုကို တက်ရောက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ လော့စ်အန်ဂျလိစ့်မြို့မှာ အလှူရှင်တွေနဲ့ ထပ်တွေ့ဖို့ စီစဉ်ထားခဲ့ပါတယ်။
2 years Ago
Up