ထရမ့်

June 15, 2019

သမ္မတ ထရမ့်၏ ၇၃ နှစ်ပြည့် မွေးနေ့ပွဲ အိမ်ဖြူတော်တွင် ကျင်းပ

သမ္မတ ထရမ့်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့ပွဲကို ဇွန်လ ၁၄ ရက်နေ့က အိမ်ဖြူတော်မှာ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နဲ့ပတ်သက်ပြီး လာရောက်နားထောင်တဲ့ ဧည့်ပရိသတ်နဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်က ဒီမိုကရက်တွေရဲ့ အစီအစဉ်ကို သတိပေးခဲ့ပါတယ်။ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ ကျန်းမာရေးစနစ်ကို ထရမ့်ပြန်လည်ရွေးကောက်ခံရမယ့် ရွေးကောက်ပွဲလက်နက်အဖြစ် ရှုမြင်ထားပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ သမ္မတ ရှီရဲ့ ၆၆ နှစ်ပြည့် မွေးနေ့မှာတော့ ရုရှားသမ္မတ ပူတင်က ရှီကို မွေးနေ့ဆုတောင်းပေးပြိး ရေခဲမုန့်နဲ့ ကိတ်မုန့် လက်ဆောင်ပေးခဲ့ပါတယ်။ သမ္မတ ရှီနဲ့ သမ္မတ ပူတင်တို့ဟာ တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘေမြို့မှာ ပြုလုပ်တဲ့ CICA ကွန်ဖရင့် ဆပ်စပ်အစည်းအဝေးမှာ တွေ့ဆုံခဲ့တာပါ။ ရှီဟာ ၂၀၁၂ ခုနှစ်ကစပြီး တရုတ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။
3 years Ago

November 4, 2018

ထရမ့်ကို မဲမပေးကြရန် ကမ္ဘာကျော်အနုပညာရှင်များ လှုံ့ဆော်

နိုဝင်ဘာ ၆ ရက်နေ့ ပြုလုပ်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ပါတီဝင်တွေကို မဲမပေးကြဖို့ ဟောလီးဝုဒ်ရဲ့ ကမ္ဘာကျော်အနုပညာရှင်အချို့က လှုံ့ဆော်မှုတွေပြုလုပ်နေပါတယ်။ ဒီလိုလှုံ့ဆော်နေသူတွေထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ ဂျော့ဂ်ျကလူနေ၊ ပရက်ပစ်၊ လီယို နာဒိုတို့အပြင် ချာလီသီရွန်၊ ဂျူလီယာ ရောဘတ်နဲ့ အော်ပရာဝင်းဖရေးတို့ ပါပါဝင်နေတယ်လို့ Daily Mail သတင်းမှာဖော်ပြပါတယ်။ အင်္ဂါနေ့မှာလုပ်မယ့် သက်တမ်းဝက်ရွေးကောက်ပွဲဟာ ထရမ့်ရဲ့သမ္မတသက်တမ်းမှာ အခက်ခဲဆုံး စမ်းသပ်မှုဖြစ်လာမှာဖြစ်ပြီး သူ့အပေါ် ဟောလီးဝုဒ်ကြယ်ပွင့်တွေရဲ့ ကန့်ကွက်မှုကလည်း မဲရလဒ်ကို တနည်းတဖုံ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ တိုက်တန်းနစ်မင်းသားကြီး လီယိုနာဒိုဒီကာ ပရီယိုက ထရမ့်နဲ့ သူ့ပါတီဝင်တွေကို မဲမပေးကြဖို့ လူငယ်တွေနဲ့ အမျိုးသမီးတွေကို တိုက်တွန်းခဲ့ပါတယ်။ မနက်ဖြန် လုပ်မယ့် Telethon Across America အစီစဉ်မှာလည်း ဂျော့ဂ်ျကလူနီး၊ ချာလီသီရွန်နဲ့ ဂျူလီယာရောဘတ်တို့က ထရမ့်ဘက်ကို မဲမပေးကြဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းလှုံ့ဆော်ဖို့ ရှိနေပါတယ်။ ထရမ့်ကို ဆန့်ကျင်မယ့်သူတွေထဲမှာ ဘီလီယံနာတဖြစ်လည်း အော်ပရာဝင်းဖရေးလည်း ပါဝင်နေပြီး သူမနဲ့ မင်းသမီး ဂျိန်းဖွန်ဒါတို့ကလည်း ထရမ့်ကို ဆန့်ကျင်ဖို့ အမေရိကန်မြို့တွေမှာ တအိမ်တက်ဆင်း လှုံ့ဆော်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အငြင်းပွားဖွယ် ပြောစကားတွေကြောင့် ဖိအားတွေ အောက်ရောက်ရှိနေသူဖြစ်ပြီး သူ့ကို ဆန့်ကျင်ဖို့ နာမည်ကျော် အနုပညာရှင်တွေရဲ့ စည်းရှုံးမှုတွေက ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေလဲဆိုတာကိုတော့ ရွေးကောက်ပွဲ ရလဒ်တွေကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
3 years Ago
More News
Up