တရုတ်နိုင်ငံ ဟန်ဇူးမြို့မှာ အိမ်သုံး SUV အမျိုးအစားကားတစီးဟာ လမ်းဆုံတခုမှာ ထရပ်ကားနဲ့ တိုက်မိခဲ့ပါတယ်။
မေ ၅ ရက်နေ့က SUV ကားဟာ လမ်းဆုံကိုဖြတ်ကူးလာစဉ် ထရပ်ကားက ၀င်တိုက်မိခဲ့လို့ ကြေမွသွားခဲ့တာကို လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားပါတယ်။
ကားပေါ်မှာပါသွားတဲ့ လူ ၂ ဦးကတော့ ကံကောင်းထောက်မစွာနဲ့ တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး။
၂ ဦးလုံးကို ဆေးရုံတင်ခဲ့ရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မရခဲ့ပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
5 years Ago