ထရပ်ကား

May 25, 2019

အမေရိကန်စာပို့လုပ်ငန်း မောင်းသူမဲ့ ထရပ်ကားများဖြင့် စတင်စမ်းသပ်

အမေရိကန်စာပို့လုပ်ငန်းဟာ မောင်းသူမဲ့ ထရပ်ကားတွေ အသုံးပြုပြီး စာပို့တဲ့လုပ်ငန်းကို မေလ ၂၁ ရက်က စတင်စမ်းသပ်နေပါတယ်။ အဲဒီ သီတင်းနှစ်ပတ်ကြာ စမ်းသပ်မှုဟာ မောင်းသူမဲ့ယာဉ်ကို သုံးပြီး ကုန်စည်ပို့ဆောင်တဲ့ လုပ်ငန်းလုပ်ဆောင်ဖို့ နောက်ထပ် ခြေလှမ်းတရပ် ဖြစ်ပါတယ်။ ဆန်တီယေဂို အခြေစိုက် လုပ်ငန်းသစ်တခုဖြစ်တဲ့  TuSimple ကတော့ သူရဲ့ မောင်းသူမဲ့ ထရပ်ကားတွေဟာ ဖီးနစ်နဲ့ ဒါးလက်စ် မြို့နှစ်မြို့ကြား စာပို့လုပ်ငန်းတွေ စတင်လုပ်ဆောင်ပြီး ဒီနည်းပညာက ကုန်စည်ပို့ဆောင်မှု အချိန်နဲ့စရိတ်စကကို ဘယ်လိုကောင်းမွန်စေမလဲဆိုတာ လေ့လာသွားမယ်လို့ ပြောပါတယ်။ TuSimple လုပ်ငန်း ရဲ့ CFO ချန်းလူက အဲဒီလို စမ်းသပ်မောင်းနှင်ရာမှာ ခရီးတခုစီကို မိုင် ၁၀၀ ကျော် ကွာဝေးပြီး နာရီပေါင်း ၂၂ နာရီ ကြာမြင့်တယ်လို့ ပြောပါတယ်။ ပထမ ခရီးစဉ် အောင်မြင်မှုရပြီးပါက ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီလိုစမ်းသပ်ရာမှာ လိုအပ်ရင် ကားကိုထိန်းနိုင်စေဖို့ ဒရိုင်ဘာတယောက်ထားပြီး ဘေးထိုင်ခုံမှာလည်း အင်ဂျင်နီယာ တယောက် လိုက်ပါမှာ ဖြစ်ပါတယ်။ ဒီလို မောင်းသူမဲ့ ထရပ်ကားတွေ သုံးတာက ဒရိုင်ဘာရှားပါးတဲ့ ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ အမေရိကန် ကုန်ကားပို့ဆောင်ရေးအသင်းက အသက်အရွယ်ကြီးလာတဲ့ လုပ်သားအင်အားနဲ့ လူငယ်ဒရိုင်ဘာတွေကို ဆွဲဆောင်ဖို့ ခက်ခဲတာကြောင့်  လာမယ့် ၂၀၂၄ မှာ ဒရိုင်ဘာဦးရေ ၁၇၄,၅၀၀ လောက် ရှားပါးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင်  မောင်းသူမဲ့ ထရပ်ကားဟာ တနေ့ကို လူသားဒရိုင်ဘာထက် အလုပ်လုပ်ချိန် နှစ်ဆလုပ်နိုင်ပြီး စရိတ်စက ချွေတာနိုင်သလို လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်တယ် လို့လည်း CFO ချန်းလူက ရိုက်တာကို ပြောခဲ့ပါတယ်။
2 years Ago

November 3, 2018

၂၆ တန်ရှိ ထရပ်ကားကို ၄၁ စက္ကန့်ကြာ ဆွဲပြခဲ့သည့် ကမ္ဘာ့လူသန်ကြီး (ရုပ်သံ)

ကမ္ဘာ့လူသန်ကြီးလို့ လူသိများတဲ့ ရုရှားလူသန်ကြီး အီဗရုစ် နီမာသူလင်ဟာ နိုဝင်ဘာ ၂ ရက်နေ့က ၂၆ တန်လေးတဲ့ ထရပ်ကားကို ၄၁ စက္ကန့်ကြာ ဆွဲပြခဲ့ပါတယ်။ အခုလို အစွမ်းပြမှုမျိုးဟာ ရုရှားနိုင်ငံမှာ စံချိန်တင်ခဲ့ပြီး ကမ္ဘာ့စံချိန်ပင် တင်နိုင်ပါတယ်။ ဒါပေမယ့် အစွမ်းပြပွဲမှာ အဲဒါကို အတည်ပြုမယ့် တာဝန်ရှိသူတွေ မရှိခဲ့ပါဘူး။ ရုရှားလူသန်ကြိးက “ကျနော်ရဲ့ စံချိန်ကို ကျနော်ကိုယ်တိုင် သတ်မှတ်တယ်။ ၄၁ စက္ကန့်လို့ ကြားလိုက်တော့ အဲဒါက ကျနော့်ရဲ့စံပဲ။ ၂၆ တန်ကို ၄၁ စက္ကန့်ကြာ ဆွဲနိုင်တာလေ။ ဘယ်လူသန်ကြီးမှ အဲဒီလောက် မဆွဲနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။ ရုရှားလူသန်ကြီး အီဗရုစ် နီမာသူလင်ဟာ အလေးမနဲ့ နပန်းအားကစားမှာ ထင်ရှားသူ တဦးဖြစ်ပါတယ်။ သူရဲ့ခွန်အားကြောင့် အားကစားသမားဘ၀သက်တမ်းတလျှောက်  ဆုတံဆိပ်များ စွာကို ရရိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up