တလနှစ်လအတွင်းမှာ စပိန်စကားပြောတက်ဖို့ သင်ယူနေတယ်လို့ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကပြောပါတယ်။
အသက် ၂၈ နှစ်ရှိ ညာနောက်ခံလူ ထရစ်ပီယာဟာ စပါးအသင်းကနေ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။
စပိန်မြေမှာ နည်းပြနဲ့ ကစားသမားတွေက စပိန်စကားနဲ့ပဲ ပြောဆိုဆက်ဆံကြတာကြောင့် အင်္ဂလန်ကစားသမား ထရစ်ပီယာအနေနဲ့ အခက်အခဲဖြစ်နေရတာပါ။
အဲဒီအခြေအနေကြောင့် စပိန်ဘာသာစကားကို တပတ် ၄ ရက်သင်ယူနေပြီး တလနှစ်လအတွင်းမှာ အခုလို အင်တာဗျူးကို စပိန်စကားနဲ့ ပြောနိုင်ဖို့ ကြိုးပမ်းမယ်လို့ ထရစ်ပီယာကပြောပါတယ်။
ကစားသမားတွေနဲ့ နည်းပြတွေရဲ့ ဆွေးနွေးမှုစကားဝိုင်းမှာ အခုထက်ပိုပြီး ပါဝင်ချင်တာကြောင့် စပိန်စကားတတ်ဖို့အတွက် အပြင်းအထန် သင်ယူသွားမယ်လို့ ထရစ်ပီယာက ပြောပါတယ်။
Zawgyi Version
တလႏွစ္လအတြင္း စပိန္စကား ေျပာတတ္ရန္ သင္ယူေနဟု အဂၤလန္ေနာက္ခံလူ ထရစ္ပီယာေျပာ
DVB
တလႏွစ္လအတြင္းမွာ စပိန္စကားေျပာတက္ဖို႔ သင္ယူေနတယ္လို႔ အဂၤလန္ေနာက္ခံလူ ထရစ္ပီယာကေျပာပါတယ္။
အသက္ ၂၈ ႏွစ္ရွိ ညာေနာက္ခံလူ ထရစ္ပီယာဟာ စပါးအသင္းကေန စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းကို ေပါင္သန္း ၂၀ နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။
စပိန္ေျမမွာ နည္းျပနဲ႔ ကစားသမားေတြက စပိန္စကားနဲ႔ပဲ ေျပာဆိုဆက္ဆံၾကတာေၾကာင့္ အဂၤလန္ကစားသမား ထရစ္ပီယာအေနနဲ႔ အခက္အခဲျဖစ္ေနရတာပါ။
အဲဒီအေျခအေနေၾကာင့္ စပိန္ဘာသာစကားကို တပတ္ ၄ ရက္သင္ယူေနၿပီး တလႏွစ္လအတြင္းမွာ အခုလို အင္တာဗ်ဴးကို စပိန္စကားနဲ႔ ေျပာႏိုင္ဖို႔ ႀကိဳးပမ္းမယ္လို႔ ထရစ္ပီယာကေျပာပါတယ္။
ကစားသမားေတြနဲ႔ နည္းျပေတြရဲ႕ ေဆြးေႏြးမႈစကားဝိုင္းမွာ အခုထက္ပိုၿပီး ပါဝင္ခ်င္တာေၾကာင့္ စပိန္စကားတတ္ဖို႔အတြက္ အျပင္းအထန္ သင္ယူသြားမယ္လို႔ ထရစ္ပီယာက ေျပာပါတယ္။
2 years Ago